နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၄

၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်ထောင်စုအဆင့် ဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ယနေ့အစည်းအဝေးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အရအ သုံးခန့်မှန်းခြေငွေစာရင်းများကို စိစစ်သည့် အစည်းအဝေးဖြစ်ကြောင်း။
နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနက စိစစ် တင်ပြလာသည့် ပြည်ထောင်စု ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့ အစည်းများနှင့် ဆွေးနွေးညှိနှိုင်း၍ ထပ်ဆင့်စိစစ်သွားမည် ဖြစ်ကြောင်း။
ယခုကာလသည် ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လည်းကောင်း၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုကြောင့်လည်းကောင်း ကမ္ဘာ့ နိုင်ငံများတွင် စီးပွားရေးကျဆင်းခဲ့ရပြီး အထွေထွေကုန်စည်ဈေးနှုန်းများ၊ ကမ္ဘာ့ရွှေဈေး၊ ရေနံဈေးနှင့် ငွေကြေးဈေးနှုန်းမတည်ငြိမ်မှုများလည်း ကြုံတွေ့နေကြရကြောင်း၊ ထို့အတူ မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများ၏ စီးပွားရေးအခြေအနေကိုလည်းရိုက်ခတ်မှုများရှိနေ သည်ကို ကြုံတွေ့နေကြရကြောင်း၊ ထို့ကြောင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများ နှင့် အခက်အခဲများကို ကျော်လွှားနိုင်ရေးနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်း မျာကို တစ်ဖက်တစ်လမ်းမှပံ့ပိုးကူညီနိုင်ရန် အခွန်ဆိုင်ရာ ဖြေလျှော့မှုများနှင့် ငွေကြေးထောက်ပံ့ မှုများကိုသက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးခဲ့ရကြောင်း၊ နိုင်ငံတော်၏ ရငွေ ရရှိမှုကိုထိခိုက်ခဲ့ကြောင်း၊ တစ်ဖက်တွင်အစိုးရအနေဖြင့်နိုင်ငံအတွက် မဖြစ်မနေသုံးစွဲ ရမည့် အသုံးစရိတ် များနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် အသုံးစရိတ် များကို သုံးစွဲကြ ရကြောင်း။
အဆိုပါ အခြေအနေများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ရငွေများကိုလျော့နည်းခန့်မှန်းလျာထားခဲ့ရပြီး ရငွေရရှိနိုင်မှုအနေအထားအပေါ်မူတည်၍ အသုံးစရိတ်ကို စိစစ် ခွဲဝေပေးရခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ယခုနှစ်တွင် နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည့် အသုံးစရိတ်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကို ဦးစားပေး လျာထား ဆောင် ရွက်ကြစေလိုကြောင်း။
စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် စက်သုံးဆီများကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရန်နှင့် အသုံးစရိတ် လျှော့ချနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စက်သုံးဆီသုံးစွဲမှု ဆိုင်ရာညွှန် ကြားချက်များထုတ်ပြန်ခဲ့ပြီး ညွှန်ကြားချက်နှင့်အညီစိစစ်ခွင့်ပြုထားသည်ကို တွေ့ရမည် ဖြစ်ကြောင်း။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း၏ သာမန်အသုံးစရိတ် တွင်စက်သုံးဆီနှင့်ပတ်သက်၍ ဌာန၊ အဖွဲ့အစည်းများက ဝန်ထမ်းရာထူးအဆင့် အလိုက် သတ်မှတ်လျာထားသည့် စက်သုံးဆီ၊ အုပ်ချုပ်မှုသုံးနှင့် လုပ်ငန်းသုံးယာဉ်များအတွက် လျာထားသော စက်သုံး ဆီ အရေအတွက် ဂါလန်များသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် လျာထားခဲ့သည့် စက်သုံးဆီအရေအတွက် ဂါလန်များနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်း သွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များသည် အဆောင် အယောင် များဆိုင်ရာဥပဒေအရ ခံစားခွင့်ပြုထားတဲ့ မော်တော်ယာဉ်များ၏ စက်သုံးဆီသုံးစွဲခွင့်ပြု နှုန်းထားများကိုလည်း လက်ရှိ နိုင်ငံတော်၏ရငွေပိုင်းအခြေအနေအရ၊ ခြိုးခြံချွေတာ ရေးအရ ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ လျှော့ချ သုံးစွဲကြမည်ဖြစ်ကြောင်း။
ငွေလုံးငွေရင်းအသုံးစရိတ်များအနေဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျသည့်ကဏ္ဍများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ် အားရရှိရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များကို ဦးစားပေးခွင့်ပြု ပေးထားကြောင်း၊ ဝန်ထမ်းအိမ်ရာအသစ်၊ ရုံးအသစ်ဆောက်လုပ်ခြင်း၊ ပစ္စည်းများ ဝယ်ယူခြင်း၊ ရုံးသုံး စက်ကိရိယာပစ္စည်းများ ဝယ်ယူခြင်း စသည်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် အမှာစာပါ ညွှန်ကြားချက်များနှင့် အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲတင်ပြရာတွင် လိုက်နာရမည့် အခြေခံမူများနှင့်အညီစိစစ်လျှော့ချပြီး နယ်မြေဒေသအခြေအနေနှင့် လုံခြုံ ရေးအခြေအနေများအရ လိုအပ်သော ကိစ္စများကိုသာ ခွင့်ပြုပေးထားကြောင်း။
ဝန်ကြီးဌာနများအလိုက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်၊ ရက်စွဲပါ စာဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင်လိုက်နာရမည့် ကိစ္စရပ်များ ၊ အကြောင်းကြားချက်များ နှင့်စပ်လျဉ်း၍ ရေးဆွဲတင်ပြလာသည့် အရအသုံးငွေစာရင်းများ ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က အခြေခံမူအဖြစ် သာမန်အသုံးစရိတ်ကဏ္ဍာ တွင် ၇ ချက်၊ ငွေလုံးငွေရင်းအသုံးစရိတ်တွင် ၄ ချက် စသည်ဖြင့် အသေးစိတ်ဆောင်ရွက် ပြီးမှသာ ဝန်ကြီးဌာနများအလိုက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးလျာထားချက် စာရင်းကို ယနေ့ ထပ်မံညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း။ ထိုသို့ဆွေးနွေးကြရာတွင် ဥပဒေရေးရာဝန်ကြီးဌာန ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါ ယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ နေပြည်တော်ကောင်စီ အပါအဝင် ဝန်ကြီးဌာန ၁၀ ခုကို ထူးခြားသည့် အသုံးစရိတ်အဖြစ် လျာထားပေးထား သည်ကို တွေ့ရကြောင်း၊ ထို့ပြင် Quick & Win ရရှိနိုင်မည့် အသုံးစရိတ်အနေဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ၊ စက်မှုဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန ၃ ခုကို နိုင်ငံတော်၏ စီမံကိန်းဖြစ်သည်နှင့် အညီလျာထားသတ်မှတ်ပေးထားကြောင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိ မည့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့သည် ထူးခြားလေးနက်ပြီးအနှစ်သာရပြည့်ဝသည့် နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပ နိုင်ရေးအတွက် ဘတ်ဂျက်ဆိုင်ရာ လျာထားချက်တွင် မဖြစ်မနေထည့်သွင်း ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်တင်ပြလာသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်သို့ ဆက်လက်တင်ပြသွားမည် ဖြစ်သည့်အတွက် ယနေ့အစည်းအဝေးတွင် ပြည်ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်များကို ထပ်မံ ဆွေးနွေး တင်ပြ ကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြည်ထောင်စုအဆင့် ဌာန ၊ အဖွဲ့အစည်းများမှ ရေးဆွဲတင်ပြလာသော ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ခြုံငုံရှင်းလင်း တင်ပြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်း ခြေငွေစာရင်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ရငွေ၊ သုံးငွေ စာရင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင် ဦးဉာဏ်ထွန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တို့က သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များ၏ အရအသုံးခန့်မှန်းခြေငွေးစာရင်းလိုအပ်ချက်များကို ဖြည့်စွက်တင်ပြကြရာ ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်အတွင်းရေးမှူး က ဖြည့်စွက်ဆွေးနွေး သည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကားပြောကြားရာ တွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်း စိစစ်ခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ တင်ပြသွားမည်ဖြစ်ကြောင်း။
ဖြည့်စွက်တင်ပြကြသည့် ဝန်ကြီးဌာနမျာအနေဖြင့်လည်း အချိန်မီတင်ပြနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆက်လက်ပြီး ဘဏ္ဍာရေးဆိုင်ရာကော်မရှင်၏ ထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသို့ ဆက်လက်တင်ပြကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို အတည်ပြု ပြဋ္ဌာန်းမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများက တင်ပြတောင်းခံကြသည့် အသုံးစရိတ်များ တွင် ပုံမှန်သုံးစွဲနေကျ အသုံးစရိတ်များအပြင် နိုင်ငံစီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် အထောက် အကူ ဖြစ်စေမည့် အသုံးစရိတ်များလည်းပါဝင်ကြောင်း၊ ပုံမှန်သုံးစွဲရသည့် အသုံးစရိတ် များအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာအသုံးစရိတ်များ၊ လျှပ်စစ်နှင့်စွမ်းအင် လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု ကိုအကျိုးပြုစေသော အသုံးစရိတ်များ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူဖြစ်စေသည့် ပညာရေး၊ ကျန်းမာ ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသုံးစရိတ်များပါဝင်ပြီး နိုင်ငံတော်၏ စီးပွားရေးပြန်လည် ဦးမော့လာစေရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များ ပါဝင်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆက်လက်သုံးစွဲရမည့် အသုံးစရိတ် များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းပစ္စည်း ဝယ်ယူသည့် အသုံး စရိတ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းများအတွက် အသုံးစရိတ်များကိုလည်း စိစစ်ခွင့်ပြုပေးထားကြောင်း၊ ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများတွင်အဓိကလိုအပ်သော သံမဏိပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုလျှော့ချသွားရန်နှင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသွားစေရေးအတွက် လည်းကောင်း၊ ပြည်တွင်းနေနိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး အတွက် လည်းကောင်း၊ စက်မှုဝန်ကြီးဌာနတွင် ရပ်ဆိုင်းထားသော သံမဏိစက်ရုံ (မြင်းခြံ) နှင့် (ပင်းပက်) စီမံကိန်းများပြန်လည် လည်ပတ်နိုင်ရေးဆိုင်ရာ အသုံးစရိတ် များကိုလည်း ခွင့်ပြုပေးထားကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေး၊ အားကစားနှင့် လူငယ်ရေးရာဆိုင်ရာ အခြေခံအဆောက်အဦ အသစ်များ တည်ဆောက်နိုင်ရေးအတွက်လည်းအသုံး စရိတ်များလျာထားခွင့်ပြု ပေးထားသည်ကို တွေ့ကြရကြောင်း။
ထို့ပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အမှန်ရရှိနိုင်မည့် ပြည်ပအကူ အညီရငွေ၊ ပြည်ပချေးယူရငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအတွက် အသုံးစရိတ်များကိုလည်း စိစစ်ပြီးလျာထားခွင့်ပြုထားကြောင်း၊ ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် လျာထား သည့် ဘဏ္ဍာငွေများကိုသုံးစွဲ၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သုံးစွဲကြရာတွင် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲ ရန်လိုအပ်ပြီး နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အကြံပြုချက် များကိုလည်း တိကျစွာလိုက်နာဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ် ကြောင်း၊ ပြည်ပချေးငွေများ ရယူထားသည့် အဖွဲ့အစည်း များအနေဖြင့်လည်း မိမိတို့ရယူထားသည့် ချေးငွေများကို အကျိုးရှိစွာသုံးစွဲရန်လိုအပ်ကြောင်း၊ ဌာန၊ အဖွဲ့အစည်းများ၏ ရငွေလျာထားချက်များကိုပြည့်မီရုံ သာမက လျာထားချက်ထက် ကျော်လွန်ရရှိအောင်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး အခြေအနေပြန်လည်မြှင့်တင်ကောင်းမွန်လာစေရေး အတွက်ဘက်စုံကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။