နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ပဥ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ပဥ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် စက်တင်ဘာ ၁၃

 
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသ ကြီး နှင့် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ အလုပ်ရှင်အဖွဲ့ အစည်း၊ အလုပ်သမားအဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၃) အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းကော်မတီ(၈)ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းကော်မတီများ၏ ဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ(၈)ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လုပ်ငန်းကော်မတီများအကြား လုပ်ငန်းကဏ္ဍအလိုက် ပိုမိုညှိနှိုင်းချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ နိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလအတွင်း မြန်မာနိုင်ငံက လေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင်အမိန့်ကြော်ငြာစာအမှတ်(၃၅၈/၂၀၂၁)ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၃၇)ဦးဖြင့် နောက်ဆုံးပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အစည်းအဝေး(၄)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း။
၂၀၂၁ ခုနှစ် ဧပြီ ၂၁ ရက် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်အမျိုးသားကော်မတီအစည်းအဝေး၌ ဆုံးဖြတ်ချက်(၉)ချက် ချမှတ်ဆောင် ရွက်နိုင်ခဲ့ပြီး ဆုံးဖြတ်ချက်(၉)ချက် အရ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့နှင့် အမျိုးသားအဆင့်လုပ်ငန်းကော်မတီ(၈)ခု ဖြစ်သည့် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၊ ပညာရေးနှင့်အသက် မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ၊ ဥပဒေရေးရာ လုပ်ငန်း ကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၊ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီများကို အမိန့်ကြော်ငြာစာများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း။
ကော်မတီ၏ အကောင်အထည်ဖော်မှုသမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၌ ကလေးအလုပ်သမားဆိုင်ရာအခြေခံဗဟုသုတများပြန့်ပွားစေရေးအတွက် အသိ ပညာ နှင့် ဗဟုသုတတိုးမြှင့်စေခြင်း၊ နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်အညီ ဥပဒေပြင်ဆင် ရေး ဆွဲခြင်း၊ ကလေးအလုပ်သမားပြဿနာအပေါ်ဖြေရှင်းနိုင်ရန် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏စွမ်းဆောင်ရည်မြှင့် တင်ပေးခြင်း၊ တာဝန်ဝတ္တရားများသတ်မှတ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း ချမှတ်၍ တိုးတက်မှုကို အကဲ ဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်း ပပျောက်စေရန်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း။
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံ ချက်ကို ကာလတို၊ ကာလရှည်အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်သွားရန်နှင့် ကာလတို(၅) နှစ်စီမံကိန်း (၃)ကြိမ်ဖြင့် ကာလရှည်(၁၅)နှစ်စီမံကိန်းသတ်မှတ်ဆောင်ရွက်သွားရန် လျာထားပြီး ပထမ (၅)နှစ်စီမံကိန်းကို ခိုင်မာတိကျသော အခြေခံအချက်အလက် များကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာအခွင့်အလမ်းများဖန်တီးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုနှင့် အကောင်အထည် ဖော်ဆောင် ရွက်မှုပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများကို ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့် အလမ်းများရှိစေခြင်းစသည့် ရည်မှန်းချက် (၆)ရပ် ဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင် ဆောင်ရွက်သွားရန် အမျိုးသား အဆင့်လုပ်ငန်းစီမံချက်ကို မူအားဖြင့် အတည်ပြုခဲ့ကြောင်း။
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက် ပထမ(၅)နှစ်စီမံချက်ပါ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုအနက် ကနဦးစီမံချက် နယ်မြေများဖြစ်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဦးစားပေးနယ်ပယ်(၂)ခု ဖြစ်သည့် စက်မှုကုန်ထုတ် ကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍတို့ရှိ ကလေးအလုပ်သမား များလျော့နည်း ပပျောက်ရေးကို ပထမကာလတို(၅)နှစ် (၂၀၁၉-၂၀၂၃) ခုနှစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်ကြောင်း။
မက်ခရိုစီးပွားရေးနှင့် ဘဏ္ဍာရေးတည်ငြိမ်ရေး အထူးသဖြင့် ကုန်ထုတ်လုပ်ငန်းကဲ့သို့ အဓိကကျသည့် ကဏ္ဍများ၊ ဖွံ့ဖြိုးတိုးတက်မှုရှေ့ရှုသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေမှု၊ အုပ်ချုပ်မှုတိုးတက် ကောင်းမွန်ရေးနှင့် ပြည်သူ့ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ရေရှည် တည်တံ့စေရေး မြှင့်တင်ပေးခြင်းတို့သည် အဓိက စိန်ခေါ်မှုများဖြစ်ကြောင်း။
ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေမှု ဟူသည့် စိန်ခေါ်မှုမှ ကလေးအလုပ်သမားအရေးကိစ္စသည်လည်း တစ်ခုအပါအဝင်ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကလေးအလုပ်သမားများကို ကာကွယ်စောင့်ရှောက် ပေးနိုင်ရန် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ကျွမ်းကျင်မှုနှင့်အလုပ်အကိုင်ရရှိမှု မြှင့်တင် ပေးခြင်း၊ လူငယ်များအလုပ်အကိုင်ရရှိရေး အလေးထားဆောင်ရွက်ပေးခြင်း၊ ဘေးကင်းသည့်
ရွှေ့ပြောင်းလုပ်ကိုင်ခြင်းတို့နှင့် ပတ်သက်၍အရေးကြီးသည့်မူဝါဒများဖြင့် လူမှုစီးပွားဦးစား ပေးမှုများအဖြစ် သတ်မှတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံအားလုံးနီးပါးကိုဗစ်-၁၉ ကပ်ရောဂါရိုက်ခတ်မှုကြောင့် မိသားစုဝင်ငွေကို အကြီးအကျယ်ထိခိုက်စေသည့်အတွက် ဆင်းရဲနွမ်းပါးမှုကို ပိုမိုဖြစ်ပွားစေပြီး အထောက် အပံ့မရှိသည့် အခြေအနေတွင် အိမ်ထောင်စုများ၏ အသက်ရှင်ရပ်တည်မှုတိုင်းအတွက် ကလေးအလုပ်သမားများတိုးလာစေပြီး ဆင်းရဲနွမ်းပါးမှု၊ ကျောင်းပိတ်ထားမှုနှင့် လူမှုရေးဝန် ဆောင်မှုများလျော့ကျမှုစသည့်အချက်များ ကလေးအများအပြားကို လုပ်ငန်းခွင်သို့ တွန်းပို့ နေပြီး ခေါင်းပုံဖြတ်ခံရခြင်း၊ အန္တရာယ်ရှိသည့်လုပ်ငန်း၌ အတင်းအကြပ်ခိုင်းစေခံရခြင်း၊ အထူးသဖြင့် အားနည်းသည့် မိန်းကလေးငယ်များအနေဖြင့် စိုက်ပျိုးရေးနှင့် အိမ်အကူလုပ် ငန်းများတွင်ခေါင်းပုံဖြတ်ခံရမှုများကြုံတွေ့လျက်ရှိသည်ကိုသိရကြောင်း၊ ကလေးအလုပ်သ မားအများစုအတွက် လူမှုအကာအကွယ်အထောက်အပံ့ပေးနိုင်ရန် မဖြစ်မနေ လိုအပ်သည့်ကိစ္စ ဖြစ်သကဲ့သို့ ပညာရေး၊ လူမှုအကာအကွယ်၊ တရားမျှတမှု၊ အလုပ်သမား စျေးကွက်များ နှင့်သက်ဆိုင်သည့် မူဝါဒများသည် အလေးထားစရာကိစ္စတစ်ရပ်ဖြစ်လာကြောင်း။
ကမ္ဘာ့စစ်တမ်းများအရဆင်းရဲနွမ်းပါးမှုတစ်ရာခိုင်နှုန်း တိုးလာတာသည်အမျှ နိုင်ငံများတွင် ကလေးအလုပ်သမား အနည်းဆုံး ၈ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပေါ်လာစေနိုင် သည်ကို ဖော်ပြနေကြောင်း၊ ကလေးသူငယ်ဦးရေ ၁၀ ယောက်တွင် ၁ ယောက်သည် ကလေး အလုပ်သမားဖြစ်နေကြပြီး ၂၀၁၆ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ကလေးအလုပ်သမား စုစုပေါင်း ၁၅၂ သန်းရှိခဲ့ကာ ၂၀၂၀ ပြည့်နှစ်တွင် ကလေးအလုပ်သမား စုစုပေါင်းသန်း ၁၆၀ ရှိသဖြင့် ၄ နှစ်တာ ကာလအတွင်း ကလေး အလုပ်သမား ၈ သန်းကျော်တိုးလာကြောင်း၊ ၎င်းတို့အတွင်းမှ ၆ဒသမ၅ သန်းသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များ၌ လုပ်ကိုင်နေရသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိသားစုအားလုံးအတွက် ကလေးအ လုပ် သမားက ဖြေရှင်းမှုယန္တရားတစ်ခုကဲ့သို့ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ၈ ဒသမ ၉ သန်းနီးပါး ကလေးအလုပ်သမားဖြစ်လာသည်ကို တွေ့ရကြောင်း။
ကလေးအလုပ်သမား တိုးပွားလာသည့် လက္ခဏာများကို တုံ့ပြန် နိုင်ရန် ပြည့်စုံသည့် လူမှုအကာအကွယ်၊ ဆင်းရဲသောမိသားစုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အရွယ်ရောက်ပြီးသူများအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ တိုးမြှင့်ခြင်း၊ ကျောင်းများသို့ ကလေးအားလုံး ရောက်ရှိစေသည့် စီမံချက်များ ရေးဆွဲ ဆောင်ရွက်ခြင်း၊ အခမဲ့ပညာရေးနှင့် အလုပ်သမားရေးရာစစ်ဆေးခြင်း၊ ဥပဒေစိုးမိုးခြင်း နှင့်ပတ်သက်၍ ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်းစသည့်ကဏ္ဍများကို ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ကိုဗစ်-၁၉ရောဂါကို တုံ့ပြန်ဆောင်ရွက်သည့် မူဝါဒအပေါ်မူ တည်၍ ကလေးအလုပ်သမားအရေးပါဝင်သည့် လူမှုအကာအကွယ်ပေးရေးလုပ်ငန်းများ များပြားလာပါက ကလေးအလုပ်သမားဖြစ်ပွားမှုကို အကာအကွယ်ပေးနိုင်မည်ဖြစ် ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအပေါ် ကူညီဆောင်ရွက်ပေးခြင်း၊ အခြေခံ ပညာကျောင်းများပြန်လည်ဖွင့်လှစ်၍ပညာသင်ကြားပေးခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကို အခြေခံသည့်ကုန်ထုတ်လုပ်မှုများလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးခြင်းနှင့် Quick Win ကဲ့သို့ လျင်မြန်စွာအကောင်အထည်ဖော်အကျိုးရှိစေမည့် ကာလတိုစီးပွားရေးလုပ်ငန်းများ ကိုလည်း အားပေး အကောင်အထည်ဖော်ပေးလျက် ရှိကြောင်း။
ဆက်လက်ပြီး မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ် ငန်းစီမံချက်ကို ၂၀၁၉ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်ထိ (၅)နှစ်တာ ကာလတိုစီမံချက်ရေးဆွဲ ဆောင်ရွက်လာခဲ့ရာ အမျိုးသားအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း ကော်မ တီများအလိုက်အခြားသက်ဆိုင်ရာကော်မတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက် ၍ ဆက်လက်အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏ အနာဂါတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည် ဖြစ်သကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသည့်တွက် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရည်မှန်းချက်များကို ထိရောက်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရလဒ် ကောင်းများရရှိစေရေးကလေးအလုပ်သမားအရေးကိစ္စသည် ရေရှည်စီမံကိန်း ချမှတ်ဆောင် ရွက်သွားရမည့်ကိစ္စရပ်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်ကာလ (၅)နှစ်တာ ပြီးဆုံးမည့် ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင်လည်း အလားတူ စီမံချက်ပါလုပ်ငန်းစဉ်များအတိုင်း အားနည်းချက်၊ အားသာချက်များကိုသုံးသပ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားကော်မတီ အဖွဲ့ဝင်များအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို မြန်ဆန်စွာဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန အချင်းချင်းတိုင်ပင်ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒေါက်တာပွင့်ဆန်းတို့က မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က စတုတ္ထအကြိမ်အမျိုးသားကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် လုပ်ငန်းကော်မတီ(၈)ခု၏ ဆောင်ရွက်ထားရှိမှုအခြေ အနေများကိုရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံကလေးအလုပ်မားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသား အဆင့် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ကော်မတီတွဲဖက်အတွင်းရေးမှူး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို က ပဉ္စမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြပြီး အတည်ပြု ချက်ရယူသည်။
ယင်းနောက် မြန်မာနိုင်ငံကလေးအလုပ်မားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြ မှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကိုရုတ်သိမ်းလိုက်ကြောင်းသိရသည်။ (သတင်းစဉ်)