နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇူလိုင် ၂၈
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးကြရန်နှင့် ပြန်လည်ပြင်ဆင် ရေးဆွဲပြီးဖြစ်သည့် ၂၀၀၉ ခုနှစ် သဘာဝဘေးစီမံခန့်ခွဲမှု တည်မြဲအမိန့်ကို ဆွေးနွေးအတည်ပြု နိုင်ရန်ဖြစ်ကြောင်း ။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် စတင် တာဝန်ယူချိန်မှ ယနေ့အထိဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ကဏ္ဍအလိုက် နိုင်နင်းစွာ တာဝန်ယူဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ သဘာဝဘေးအန္တရာယ်များသည်အချိန်မရွေး၊ နေရာမရွေး၊ လူမျိုးမရွေးဘဲ ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဖြစ်၍ ကြိုတင်တွက်ဆပြီး အချိန် တိုင်း အဆင်သင့်ဖြစ်နေရန်လိုအပ်ကြောင်း။
ကမ္ဘာတွင် ပြောင်းလဲဖြစ်ပေါ်လာနေသည့် သဘာဝဘေးအန္တရာယ်များ၏သဘော သဘာဝများကို မျက်ခြည်မပြတ် လေ့လာနေရန်လိုအပ်သကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင် သည့် ဘေးအန္တရာယ်များကို ရာသီကာလအလိုက်၊ ဒေသအလိုက်ခန့်မှန်းပြီး မိမိတို့ တွင်ရှိပြီး ဖြစ်သော ရရှိနိုင်သောစွမ်းအားအရင်းအမြစ်များဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်မည့် အကောင်းဆုံး သော အစီအမံများကို အမြဲတစေ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ခိုင်မာသော ဖွဲ့စည်းတည် ဆောက်မှု၊ လုပ်ငန်းစနစ်ကောင်းမွန်မှု၊ စုစည်းညီညွတ်သည့် ပေါင်းစပ်ညှိနှိုင်း အကောင် အထည်ဖော်ဆောင်မှုတို့သည် မရှိမဖြစ် လိုအပ်ကြောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသည်ဖြင့် အဆင့်ဆင့်သော စီမံခန့်ခွဲမှုစနစ်ကို ထူထောင်ထားရမည်ဖြစ်ပြီး အဆင့်တိုင်းတွင်လည်း မူဝါဒများ၊ စီမံချက်များ၊ SOP များ ပြည့်စုံနေရန် လိုအပ်ကြောင်း။
မြို့နယ်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ အဆင့်တိုင်း၏ ဆောင်ရွက်ချက်များ ကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများသည် ဌာန၊ အဖွဲ့အစည်းတစ်ခုတည်း၏ လုပ်ငန်း တာဝန်မဟုတ်ဘဲ ဌာန၊ အဖွဲ့အစည်းများစွာအပြင် ပြည်သူလူထုပါ ပူးပေါင်းပါဝင် အကောင် အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်၍ သာမန်ထက်ပိုမိုစနစ်ကျသော စီမံခန့်ခွဲမှု ပုံစံဖြစ်ရန်လိုကြောင်း၊ အားလုံးလိုက်ပါ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ လုပ်ငန်းနယ်ပယ် အလိုက် တစ်ဦးချင်းကျွမ်းကျင်မှု၊ အဖွဲ့အလိုက်ကျွမ်းကျင်မှု၊ ဘာသာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှု ဆိုင်ရာကျွမ်းကျင်မှုများရှိနေရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကောင်းမွန်ရေး ဆောင်ရွက်သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့် မားရေး၊ ဝန်ထမ်းများ၏စိတ်ဓါတ်ခွန်အား မြင့်မားရေးတို့ကိုလည်း အလေးထား ဆောင်ရွက် ရမည် ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရပ်ရွာလူထုနှင့် တိုက်ရိုက်ထိတွေ့ရပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ပိုမိုအလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာ စီမံချက်များပါအတိုင်း ကြိုတင်ပြင်ဆင်စုဖွဲ့ ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ရန်နှင့် သဘာဝဘေး ဖြစ်ပွားလာပါက အန္တရာယ်ကို ကျော်လွှားနိုင်ရန် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ၊ ပြည်သူ လူထု၊ အထောက်အကူပြုပရဟိတအဖွဲ့များအားလုံးပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုတင်စီမံ ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့်လူစွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အဦ၊ အသုံးပြုနိုင်မည့်ပစ္စည်းကိရိယာများကို ဖော်ထုတ်သိရှိပြီးလိုအပ်သ လို ထုတ်နှုတ်သုံးစွဲနိုင်ရမည်ဖြစ်ကြောင်း၊ ထို့အတူ သဘာ၀ဘေးအန္တရာယ်ကို တုံ့ပြန်နိုင်မည့် စွမ်းအားစုများ အမြဲအဆင့်သင့်ဖြစ်နေစေရေး ဆောင်ရွက်ထားပြီး လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ထားရန်နှင့် လူအင်အား၊ ပစ္စည်းအင်အားများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်များလျော့ပါးရေးအတွက် သဘာဝဘေးစီမံခန့်ခွဲမှုအပိုင်း တွင်တာဝန်ယူနေသူများသာမက ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေမည်ဖြစ်၍ ပြည်သူလူထု ပိုမိုသတိပြု ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန် နှစ်စဉ် အောက်တိုဘာ ၁၃ ရက်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို ကျင်းပလျက်ရှိကြောင်း၊ ၂၀၂၁ခုနှစ်တွင် “ဒို့ကမ္ဘာမြေကို ထိန်းသိမ်းဖို့၊ တွဲလက်ခိုင်မာ ပူးပေါင်းစို့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း အလားတူ အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာကျင်းပပြီး ပြည်သူများသဘာဝဘေး အသိ ပညာများတိုးပွားလာနိုင်စေရေးနှင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်လာနိုင်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တည်မြဲအမိန့် ပြင်ဆင်ရေးဆွဲခဲ့မှုနှင့် စပ်လျဉ်း၍ဆွေးနွေးလိုကြောင်း၊ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုမှ ရရှိခဲ့သည့် အတွေ့အကြုံများကိုအခြေခံ၍ သဘာဝဘေးစီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့်(၂၀၀၉)ကို ရေးဆွဲထုတ်ပြန်အသုံးပြုခဲ့ကြောင်း၊ အဆိုပါတည်မြဲအမိန့်ကို အသုံးပြုဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလ (၁၂)နှစ် ကျော်ခန့်ရှိလာပြီဖြစ်၍ လက်ရှိကာလ ကမ္ဘာတွင်သဘာဝဘေးဖြစ် ပွားမှုအခြေအနေများ၊ စီမံခန့်ခွဲမှုစနစ်များနှင့် နည်းပညာပြောင်းလဲတိုးတက်နေမှုများအပေါ် ပြန်လည်သုံးသပ်မှုအရ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့်တည်မြဲအမိန့်ကို ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း။
တည်မြဲအမိန့်တွင် လုပ်ငန်းကော်မတီ(၁၂)ရပ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ များ၏ လုပ်ငန်းတာဝန်များ၊ တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်နိုင် သည့်လုပ်ငန်းများကို ဦးတည်ရေးဆွဲရန် စဉ်းစားသုံးသပ်ခဲ့ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက ၂၀၂၁ခုနှစ်၊ ဇွန်လမှစ၍ ကာကွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ၏ ပါဝင်ရေးဆွဲမှု၊ အကြံပြုသဘောထားမှတ်ချက်များနှင့် ရေးဆွဲဆောင်ရွက်ခဲ့ပြီး သဘာဝ ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို မြေပြင်အခြေအနေနှင့်လိုက်လျောညီထွေဖြစ်ကာ နိုင်ငံတကာ စံနှုန်းများနှင့်ကိုက်ညီ စေရန် ဆောင်ရွက်ခဲ့ကြောင်း။
ယခုအခါ ၂၀၂၂ခုနှစ် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် တည်မြဲအမိန့်(မူကြမ်း)ကို ကာကွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များ၏ သဘောထားမှတ်ချက်များရယူပြင်ဆင်ပြီးဖြစ်၍ ယနေ့အစည်းအဝေးတွင် လိုအပ်သလိုဆွေးနွေးပြီးပါက အတည်ပြုရန်လိုအပ်ပြီး အတည်ပြုပြီးပါက ပုံနှိပ်ထုတ်ဝေ နိုင်ရေး ဆက်လက်ဆောင်ရွက်ကာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးသို့ ဆက်လက် ဖြန့်ဝေ စတင်အသုံးပြု ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
လုပ်ငန်းကော်မတီများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ရေးဆွဲထားပြီးဖြစ် သည့် သဘာဝဘေးစီမံချက်များကို ယခု ၂၀၂၂ခုနှစ် တည်မြဲအမိန့်နှင့် ကိုက်ညီမှုရှိရေး ပြန်လည်စိစစ်ကြရန်၊ ခရိုင် နှင့် မြို့နယ်အဆင့်ဆင့်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့များနားလည်သိရှိထားပြီး ရည်ညွှန်းကိုးကားဆောင်ရွက်နိုင်ရေး ထပ်ဆင့်ရှင်း လင်းဆွေးနွေးထားကြရမည်ဖြစ်ကြောင်း။
သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကို အဆင့်တိုင်း၊ ကဏ္ဍတိုင်းတွင် အရေး ကိစ္စတစ်ခုအနေဖြင့် အလေးအနက်ထားဆောင်ရွက်ရန်နှင့် ပူးပေါင်းတာ၀န်ယူဆောင်ရွက် ကြရန်လိုကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများသည် တစ်ဦး၊ တစ်ယောက်ချင်း အဖွဲ့ အစည်းတစ်ခုချင်း ဆောင်ရွက်နိုင်သည့်လုပ်ငန်းများမဟုတ်ဘဲ အားလုံးပေါင်းစည်းဆောင်ရွက်ရ သည့် လုပ်ငန်းများဖြစ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ တာဝန်ခွဲဝေယူမှုနှင့်ပူးပေါင်း ဆောင်ရွက်နိုင်မှုများ အားကောင်းနေရန်လိုကြောင်း။
လုပ်ငန်းကော်မတီအသီးသီးနှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေ ဖြင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများနှင့်ပတ်သက်၍ တာ၀န်ယူထားရ သည့်ဒေသ၊ လုပ်ငန်းကဏ္ဍများအလိုက် ပိုမိုကောင်းမွန်ထိရောက်သော သဘာ၀ဘေး စီမံခန့်ခွဲမှု လုပ်ငန်များဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာ၀ဘေးအန္တရာယ် ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး ဦးတည်ချက်ထားရှိပြီး စည်းလုံး ညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် ဒေါက်တာသက်သက်ခိုင်တို့က အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်- ၂၀၂၂ (မူကြမ်း) ပြုစုထားရှိမှုတို့ကို တင်ပြအတည်ပြုချက်ရယူသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော် မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင် က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ရရှိ/သုံးစွဲ/ လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြအတည်ပြု ချက်ရယူသည်။
ယင်းနောက် စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သဘာဝဘေးစီမံခန့်ခွဲရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်နိုင်ရေးဆောင်ရွက်ထားရှိမှုများ၊ သဘာဝဘေး ဖြစ်ပွားမှုများနှင့်ထောက်ပံ့ပေးမှုများ ၊ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုများကို သက်ဆိုင်ရာကဏ္ဍများအလိုက်ရှင်းလင်းဆွေးနွေးတင်ပြကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးသည်။
ထို့နောက် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီးက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး(၁/၂၀၂၂) ဆုံးဖြတ် ချက်များကို ရှင်းလင်းတင်ပြအတည်ပြု ချက်ရယူသည်။
ယင်းနောက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကိုရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။