နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၇

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာ ကပွဲ(ဒုတိယနေ့)ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှုအားပေးသည်။
ပဒေသာကပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ကြီးဌာနများနှင့် ရုံးအဖွဲ့အစည်းများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြ သည်။
ပဒေသာကပွဲတွင် ရုပ်ရှင်၊ သဘင်နှင့် ဂီတတို့မှ အနုပညာရှင်များက ပဏာမဧည့်ခံ ဂီတသံ၊ “လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်”၊ “မျက်ရည်ချိန်လက်မ ၃၀၀”၊ “အဆင်ပြေ ပါစေ”၊ “ရွှေကိန္ဒရီလား သူဇာလား”၊ “လွတ်လပ်ရေးနေ့ ဂုဏ်ပြုပဏာမ တေးတစ်ပုဒ်ဖြစ် သည့် “ပဒေသာပင် မြေမှာမပေါက်”၊ “နွေဦးအလွမ်း”၊ “မင်း”၊ “နေပါစေချစ်လို့”၊ “ချာတိတ်” တေးသီချင်း တို့ဖြင့်လည်းကောင်း၊ “မန္တလေးအငြိမ့်” ဖြင့်လည်းကောင်း၊ “နိုဝင်ဘာမှာ လာမှာလား”၊ “မပြိုသည့် မိုး” တေးသီချင်းတို့ဖြင့်လည်း ကောင်း၊ “ထုဆစ်သူတို့ နှလုံးသား” တစ်ခန်းရပ်ဖြင့်လည်းကောင်း၊ “မလိခမှ အလွမ်းလေး များ”၊ “ပင်စင်ယူပါဦး”၊ “လက်ပံပွင့်ကောက် အရောက်လာမယ်”၊ “ရည်စား”၊ “အနားမှာ နေပါကွယ်” တေးသီချင်းတို့ဖြင့် လည်းကောင်း၊ “လွဲရခက်ကြီး”ပြဇာတ်၊ “ကောင်းသော ည” တေးဂီတ ဖျော်ဖြေမှု၊ စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအနားသတ် အစီအစဉ် တို့ဖြင့်လည်းကောင်း သီဆိုကပြ ဖျော်ဖြေ တင်ဆက်ကြသည်။
ဖျော်ဖြေတင်ဆက်မှု အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ပဒေသာကပွဲတွင် ပါဝင်သီဆိုကပြဖျော်ဖြေခဲ့ကြသည့် အနုပညာ ရှင်များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါပဒေသာကပွဲကို နိုဝင်ဘာ ၃၀ ရက်အထိ ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအတွင်း ကပြဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။