နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တိုက်ကြီးနှင့် မှော်ဘီတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တိုက်ကြီးနှင့် မှော်ဘီတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 
နေပြည်တော်၊ အောက်တိုဘာ ၂၆

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် တိုက်ကြီး နှင့် မှော်ဘီတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအား တပ်နယ် ခန်းမများတွင်သီးခြားစီ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း) က အမှာစကားပြောကြားရာတွင် နိုင်ငံတော်နှင့် ပါတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသား ရည်မှန်းချက် ၂ ရပ်အဖြစ် တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ် ၂ ရပ် အဖြစ် စစ်မှန်စည်း ကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီ စနစ်ခိုင်မာ စေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ချမှတ် အကောင်းအထည်ဖော်ဆောင်ရွက်ရခြင်း အကြောင်းအရင်းနှင့် ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်၏ လက်ရှိ နိုင်ငံရေး ၊ စီးပွားရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊။
တပ်မတော်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူ ချိန်မှစပြီး စားရေရိက္ခာပြည့်ဝဖူလုံရေးအတွက် တပ်ပိုင်နှင့် တစ်ပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးကို မူဝါဒများချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ သဖြင့် တပ်တွင်း စားဝတ်နေရေးကို အဆင်ပြေစေပြီး ဖူလုံပိုလျှံသော ထွက်ကုန် များကို ဒေသခံပြည်သူများသို့ သက်သာသော နှုန်းထားများဖြင့် ရောင်ချနိုင်ခဲ့သည့် အခြေအနေများ၊ စစ်သည်/မိသားစုဝင်များအတွက် စားရေး၊ နေရေး ၊ ပညာရေး၊ ကျန်းမာရေး ၊ ပိုဆောင်ရေးများတွင် သက်သာချောင်ချိရေးအတွက်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ၂၄ နာရီ အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်ရန် လုံခြုံရေး အသိ၊ လုံခြုံရေး သတိမပြတ်ရှိနေရန် လိုအပ်သည့် အခြေအနေများ၊ တပ်တည်ဆောင်ရေးလုပ်ငန်းကြီး ၄ ရပ်နှင့် တပ်နေပျော်ရေးတို့ကို အဆက်မပြတ် အကောင် ထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရာရှိ/စစ်သည်/ မိသားစုဝင်များ အနေဖြင့် အသိမှန်မှ အလုပ်မှန်မည်ဖြစ်၍ အသိမှန်စေရေး အသေးစိတ်ရှင်းလင်းမှာကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြ ချက်များအပေါ် တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် တပ်နယ် များအလိုက် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။