နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၁

၂၀၂၂ခုနှစ်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ပြန်လည် သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံ၊ နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးဇော်ဝင်းနှင့် ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တာဝန်ရှိဖိတ်ကြားထားသူ များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်က ၂၀၂၂ခုနှစ်ဇန်နဝါရီလ ၄ ရက်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အလားတူ(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင် စုနေ့အခမ်းအနားကိုလည်းခမ်းနားစွာကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ လုပ်ငန်းများအောင် မြင်စွာဆောင်ရွက်နိုင်ရန်ကြိုတင်ပြင်ဆင်ခြင်း၊ ညှိနှိုင်းဆွေးနွေးပေါင်းစပ်ဆောင်ရွက် ခြင်းနှင့် အခမ်းအနားကျင်းပခြင်းတို့ကိုဆောင်ရွက်ကြရကြောင်း၊ ထိုသို့ ဆောင်ရွက်ကြ ရာတွင် အားသာချက်နှင့်အားနည်းချက်များရှိပါကြောင်း၊ အားသာချက်များကို သင်ခန်း စာယူ၍အလားတူအခမ်းအနားများကျင်းပရာတွင် ပိုမိုကောင်းမွန်းအောင်ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး အားနည်းချက်များကိုပြုပြင်ကာညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် တွေ့ကြုံခဲ့ကြရသည့် အခက်အခဲများနှင့် နောင်ကျင်းပမည့်အခမ်းအနားများအတွက် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးရန်ရှိသည်များကိုသိရှိနိုင်ရန် ယခုကဲ့သို့သော ပြန်လည်သုံးသပ်သည့် ညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ပြီး ထူးခြားသည့်နေ့တစ်နေ့ ဖြစ်သည့်အတွက် ယခုနှစ်တွေ့ကြုံခဲ့ကြရသည့် အားသာချက်နှင့် အားနည်းချက်များကို အခြေခံလေ့လာ၍ခမ်းနားစွာကျင်းပနိုင်ရန် ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲစစ်ရေးပြ ဆပ်ကော်မတီ၊ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီနှင့် စာရင်း စစ်ဆေးရေးဆပ်ကော်မတီတို့မှတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကားပြောကြားပြီးအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။