နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလောတပ်နယ်နှင့် အောင်ပန်းတပ်နယ်မှ အရာရှိ/စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ မတ် ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကလောမြို့ရှိ တပ်နယ်ခန်းမ၌ ကလောတပ်နယ်နှင့် အောင်ပန်းတပ်နယ်မှ အရာရှိ/စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ကလောတပ်နယ်နှင့် အောင်ပန်းတပ် နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အကြိုကာလ ပါတီများမဲဆွယ် စည်းရုံးမှု အခြေအနေ၊ ရွေးကောက်ပွဲအခြေအနေ၊ ရွေးကောက်ပွဲပြီးစီးသည့် နောက်ပိုင်းအခြေ အနေများအားလည်းကောင်း၊ မဲပေးခွင့်ရှိသူ ၃၉ဒသမ၂သန်းကျော် အနက် ၁၀ဒသမ၄ သန်းအထိ ကြီးမားစွာ မဲစာရင်းမှားယွင်းခြင်း ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ နစ်နာသူပြည်သူများနှင့် ပါတီများမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ အဆို ပါမဲစာရင်းမှားယွင်းမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်း ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့မှု အခြေအနေများ၊ တောင်းဆိုချက်အပေါ် ဦးလှသိန်း ဦးဆောင်သည့် ပြည့်ထောင်စုရေးကောက်ပွဲကော်မရှင်မှ လစ်လျူရှုမှုအခြေအနေများ၊ ဒုတိယအကြိမ် လွှတ်တော်အတွင်း မဲစာရင်းမှားယွင်းခြင်း ဖြစ်ပေါ်နေမှုကို ဆွေးနွေး နိုင်ရေးအထူးအစည်းအဝေး တောင်းဆိုမှုကိုလည်း ပြည်ထောင်စုလွှတ်တော်နာယက မှ ပယ်ချခဲ့မှုအခြေအနေများ၊ နောက်ဆုံးအဆင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၌ ရှင်းလင်းဆွေးနွေးခွင့်ပြုရန် ၂ ကြိမ် တိုင်တိုင်တောင်းဆိုမှုကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က လုံးဝလက်မခံဘဲ ပယ်ချခဲ့သည့်အပြင် ကိုယ်ရေးစာဖြင့် မဲစာရင်း မှားယွင်းမှုများ စိစစ်ပေးရန်၊ စိစစ်ရာတွင် UEC အသစ်ဖွဲ့စည်း၍ ဆောင်ရွက်ပေးရန်၊ စိစစ်ဆဲကာလအတွင်း လွှတ်တော်အသစ်ခေါ်ယူမှု ဆိုင်ငံ့ပေးရန်၊ နိုင်ငံတော်သမ္မတ မှ ယခုတင်ပြချက်အပေါ် အချိန်မှီဖြေရှင်းပေးနိုင်ရေး တောင်းဆိုခဲ့မှုအပေါ်တွင်လည်း လက်မခံသည့် အခြေအနေများအပြင် မဲစာရင်း ၁၀ ဒသမ ၄ သန်းကျော် မှားယွင်းနေမှုအား သံသယကင်းရှင်းစေရေး ဆောင်ရွက်ပေးခြင်းမရှိဘဲ တတိယ အကြိမ် လွှတ်တော်အသစ် အစည်းအဝေး ကျင်းပပြုလုပ်၍ နိုင်ငံတော်၏ အာဏာ (၃) ရပ်အား မတရားနည်းဖြင့်ရယူရန် ကြိုးပမ်းလာမှုတို့ကြောင့် တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဉပဒေ (၂၀၀၈) ခုနှစ်ကို ဖျက်သိမ်းခြင်းမရှိဘဲ ပုဒ်မ-၄၁၇၊ ပုဒ်မ-၄၁၈ အရ အရေးပေါ် အခြေအနေ ကြေငြာ၍ အာဏာ(၃)ရပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကာလသတ်မှတ်ချက်အတွင်း ရယူဆောင်ရွက်ရသည့် အခြေအနေများ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေ အနေ များ၊ လက်ရှိဖြစ်ပေါ် နေသည့် မင်းမဲ့စရိုက်ဆန်သည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များ အပေါ် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ရုန်းရင်းဆန်ခတ်မှု လက်ဆွဲဉပဒေ (၁၉၅၆) ခုနှစ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်း လက်စွဲစာစောင် (၂၀၁၅) ခုနှစ်ပါ ပြဌာန်း ဉပဒေများနှင့်အညီ လုံခြုံရေးတပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်မှစ၍ ဖြေရှင်း ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံ့ဝန်ထမ်းအချို့ CDM တွင် နားယောင် ပါဝင်ခဲ့ခြင်းကြောင့် လူမှုစီးပွားဘဝ နစ်နာ ဆုံးရှုံးနေမှုအခြေအနေများ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ဖြင့် လုံခြုံရေး အသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်စေရေးအပြင် ယခုကာလအတွင်း မိမိကိုယ်တိုင်နှင့် မိသားစုကြောင့် မိမိအဖွဲ့အစည်း၏ ပုံရိပ်များပျက်ယွင်းကျဆင်းမှု မရှိစေရေး၊ လိုက်နာ စောင့်ထိန်းရမည့် အခြေအနေများအား အသေးစိတ်ရှင်းလင်းမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကလော တပ်နယ်နှင့် အောင်ပန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။