နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလောတပ်နယ်မှ အရာရှိ/စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလောတပ်နယ်မှ အရာရှိ/စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မတ် ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကလောမြို့ရှိ တပ်နယ်ခန်းမ၌ ကလောတပ်နယ်မှ အရာရှိ/စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ စစ်ဉီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီး အရာရှိချုပ်(လေ) ဗိုလ်ချုပ် ဇော်ဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ ၁ နှစ်ကျော် အတွင်း တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုအမျိုးမျိုးနှင့် အခက်အခဲအမျိုးမျိုးတို့ကို တည်ငြိမ် အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၊ သစ္စာရှိကြသည့်နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ကြောင်း၊ နိုင်ငံကြီးအချို့နှင့် ပြည်တွင်းအကြမ်းဖက်အဖွဲ့များပူးပေါင်းကာ တည်ဆဲအစိုးရ အချိန်တိုအတွင်းပြုတ်ကျစေရန် နိုင်ငံရေး၊ စီးပွားရေးကို ပိတ်ဆို့သည့် နည်းလမ်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်၍ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်စေ ခြင်း၊ အစိုးရယန္တရားရပ်တန့်စေရန် ဝန်ထမ်းများအား CDM လှုပ်ရှားမှုများ ပြုလုပ် စေခြင်း၊ ဘဏ်စနစ်ပြိုလဲ၍ ငွေကြေးကမောက်ကမ ဖြစ်စေရန်ဖန်တီးခြင်း၊ ခရီးသွား လာမှုနှင့် ကုန်စည်စီးဆင်းမှုရပ်တန့်ပြတ်တောက်စေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခြင်း အပါအဝင် လက်နက်ဖြင့်ဆူပူအကြမ်းဖက်မှုမှတစ်ဆင့် အလုံးစုံပျက်သုဉ်းရေးတို့ကို ဦးတည် ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ အန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံတော်အစိုးရ အနေဖြင့် စည်းလုံးညီညာအောင်ကြောင်းဖြာဆိုသည့်အတိုင်း တည်ငြိမ်အေးချမ်းမှုကို လိုလားတောင့်တကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးတို့၏ပူးပေါင်းပါဝင်မှုဖြင့် ဖြတ်ကျော်ခဲ့ပါကြောင်း၊ ရှေ့ဆက်လက်ပြီးလည်း စုပေါင်းအားဖြင့် အန္တရာယ်အမျိုးမျိုး ကို ရင်ဆိုင်ဖြတ်သန်းကျော်လွှားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဒို့တာဝန်အရေးသုံးပါးကို အခိုင်အမာ ရပ်တည်၍ နိုင်ငံ၏ အချုပ်အခြာ အာဏာကိုမထိပါးစေဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း။
တစ်ဖက်တွင်လည်း တပ်မတော်ပြိုကွဲစေရန် နည်းမျိုးစုံအသုံးပြု၍ လုပ်ဆောင် လာပြီး တပ်မတော်အတွင်း ပြဿနာအမျိုးမျိုးချိုးဖောက်ကျူးလွန်ကာ အရေးယူ ခံရမည်ကိုကြောက်ရွံ့၍ စစ်ပြေးမှုကျူးလွန်သူ အရာရှိ၊စစ်သည်များကို ဒီမိုကရေစီ သူရဲကောင်းအဖြစ် မြှောက်ပင့်၍ မီဒီယာနည်းလမ်းဖြင့် တပ်မတော်အတွင်း စည်းလုံး ညီညွတ်မှုပြိုကွဲနေသည့် အခြေအနေ၊ စစ်ဆင်ရေးရှုံးနိမ့်နေသည့် အခြေအနေ စသည် ဖြင့် တပ်မတော်ပြိုကွဲရေး စည်းလုံးညီညွတ်မှု ပြိုကွဲရေးကို ဦးတည်လျက် ဝါဒဖြန့်မှု များ လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းအပြင် အကြမ်းဖက်အဖွဲ့များအနေဖြင့် နယ်မြေ အလိုက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် လုံခြုံ ရေး တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်၍ စစ်ရေးအရ ဖိအားပေးခြိမ်းခြောက်ရန် ကြိုးစားလာ ကြောင်း၊ ၎င်းတို့၏ အဓိကရည်ရွယ်ချက်သည် တပ်မတော်ပြိုကွဲရေးပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်သူများ၏ သွေးခွဲမှုများ ရှိစေကာမူ တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ခိုင်မြဲလျက်ရှိပြီး “ဘယ်သူ ခွဲခွဲဒို့မကွဲ အမြဲစည်းလုံး မည်”ဟူသော ဆောင်ပုဒ်နှင့်အညီ ကျစ်လစ်သော စည်းလုံး ညီညွတ်မှုဖြင့် ရပ်တည် လျက်ရှိကြောင်း၊ အူမတောင့်မှ သီလစောင့်မည်ဖြစ်ရာ တပ်မတော်သားများနှင့် မိသား စုဝင်များ၏ စားရေး၊ နေရေး၊ ဝတ်ရေး၊ သွားလာရေး၊ ကျန်းမားရေး၊ ပညာရေးတို့ အဆင်ပြေ ချောမွေ့စေရန် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် ဝတ္တရားအရ၊ တာဝန်အရ ကြိုးစား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တပ်မတော်သားများအနေဖြင့် လုပ်ငန်းတာဝန်ကို စိတ်လက်အေးချမ်းစွာဖြင့် နိုင်ငံ့ အရေးကို အပြည့်အဝ အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။
တပ်မတော်သားများ၏ အဓိက တာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ပင် ဖြစ်ရာ ထိုသို့ အမြဲတမ်း အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန်မှာလည်း ကျန်းမာ ကြံ့ခိုင်မှု ရှိမှသာ ပေးအပ်သည့် တာဝန်ကို ရာနှုန်းပြည့် ကျေပွန်စွာ ထမ်းဆောင်နိုင်မည် ဖြစ်၍ အရာရှိ၊ စစ်သည်များ အပါအဝင် မိသားစုများ အားလုံး ကျန်းမာကြံ့ခိုင် အောင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များမှ တပ်နယ်အလိုက် အသိပညာပေးဟောပြောမှု၊ ဆေးစစ်ပေးမှု တို့ကိုလည်း အပြည့်အဝလိုက်နာကြရန် လိုအပ်သလို တပ်ဌာနချုပ် လုံ ခြုံရေးကိုလည်း မလစ်လပ်စေဘဲ ကျေပြွန်စွာ တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။ ၎င်းနောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများ၏ တင်ပြချက်များကို တစ်ဦးချင်းမေးမြန်း၍ လိုအပ်သည်များကိုလည်း ချက်ခြင်းညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
ထို့နောက် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများအား လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက အားကစားပစ္စည်း များအားလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။