နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု ညစာစားပွဲ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် သီဆိုကပြ ဖျော်ဖြေကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေး
နေပြည်တော် ဖေဖော်ဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ညနေပိုင်းတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားတွင် သီဆိုကပြ ဖျော်ဖြေကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နေပြည်တော် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ရောက်ရှိပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ခင်းကျင်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြ သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် နေပြည်တော် လေဟာပြင် ကဇာတ်ရုံ၌ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစားစာပွဲ အခမ်းအနားတွင် သီဆိုကပြ ဖျော်ဖြေကြမည့် တိုင်းရင်းသား တိုင်းရင်း သူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းရင်းသားများ၏ သွေးစည်း ချစ်ကြည်မှုသမိုင်းကို မော်ကွန်းအဖြစ်ဖော်ညွှန်ထားသည့် တေးသရုပ်ဖော်ပြဇတ်အပါအဝင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အလိုက် ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများ ကို အစီအစဉ် အလိုက် ကြည့်ရှု၍ လိုအပ်သည်များကိုမှာကြားသည်။
အဆိုပါ(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစားစာပွဲ အခမ်းအနားတွင် သွေးစည်းချစ်ကြည် မြန်မာပြည် တေးသရုပ်ဖော်ပြဇာတ်၊ ပြည်ထောင်စုရဲ့ မြောက်ဘက်ဆီ သို့ အလည်လာပါ၊ ကယား ၉ မျိုးစုပေါင်း၊ ဖွံ့ဖြိုးဝေစည်တို့ဌာနီ၊ ပြည်ထောင်စုကြီး ထာဝရ ငြိမ်းချမ်းပါစေ၊ ပြည်ထောင်စုသွေးသား ဗမာဟေ့ ဗမာ၊ ဟင်္သာတို့ ပျော်စံရာမြေ၊ ဆီမီး တစ်ထောင် ကြာသွပ်ပွဲ၊ ချယ်ရီမြေရဲ့ သဘာဝအလှ၊ ပြည်ထောင်စုသွေးစသည့် တေးသီချင်း များဖြင့် တိုင်းရင်းသား တိုင်းရင်းသူများက သီဆိုကပြဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများကို (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များက ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသတင်းရရှိသည်။