နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၂

နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်း၍ လိုအပ်သလိုအရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ အစိုးရဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ရန်လှုံ့ဆော်ခြင်းနှင့် ကိုယ်တိုင်ပါဝင်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ကံမော်ကြီးကျေးရွာနေ ဒေါ်ခင်ဝင်း(ဘ)ဦးဦးစိန်နှင့် မအိအိထွန်း(ဘ)ဦးမြင့်ထွန်းတို့ ၂ ဦးကို ဇွန် ၁ ရက်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကရသူရိ မြို့နယ်ရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ၊ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။