နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)ဝန်ထမ်းများအား အိမ်ငှားစရိတ်ထောက်ပံ့မည်

နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)ဝန်ထမ်းများအား အိမ်ငှားစရိတ်ထောက်ပံ့မည်

နေပြည်တော်၊ ဇူလိုင် - ၂၂

နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်၍ ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စု သမ္မတမြန်မာနို်ငငံတော်၊ စီးပွားရေးရာကော်မတီအစည်းအဝေး(၆/၂၀၂၂)၏ အစည်း အဝေးဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား အိမ်ငှားစရိတ်ထောက်ပံ့ မည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအနေဖြင့် အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည် ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျို/အပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း ခံစားခွင့်ရရှိ မည်ဖြစ်ပြီး ခံစားခွင့်များကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ခံစားခွင့်ပြုမည်ဖြစ် ကြောင်းနှင့် အသေးစိတ်အား ဇူလိုင်လ ၂၅ ရက် (တနင်္လာနေ့)၌ သတင်းထုတ် ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် အစိုးရဝန်ထမ်းများအား ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယခုအိမ်ငှားစရိတ် ထောက်ပံ့ခြင်းအပါအဝင် ချီးမြှင့်ထောက်ပံ့မှု (၂၆)ခု ပြုလုပ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။