နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့အား ဇမ္ဗူသီရိမြို့နယ်၊ သီးသန့်တရားရုံး၌ စစ်ဆေးမှု စတင်ဆောင်ရွက်

နေပြည်တော်၊ ဇွန် ၁၄

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွဲဆိုထားသည့် အမှုများကို စစ်ဆေးစီရင်နိုင်ရန် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ သီးသန့်တရားရုံး၌ ရုံးထိုင်ဆောင်ရွက်ခဲ့ရာ ဦးဝင်းမြင့်အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ စွဲဆိုထားသည့်အမှုနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေများအရ စွဲဆိုထားသည့် အမှုများကို စတင်စစ်ဆေးခဲ့ကြောင်းနှင့် ရုံးထိုင်စစ်ဆေးမှုမပြုမီ ၎င်းတို့၏ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ဆုံခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။