နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်ရ မော်ကွန်းဝင် အပူဇော်ခံ ဆရာတော်ကြီး ၉ ပါး တို့အား စုပေါင်းဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်

နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်ရ မော်ကွန်းဝင် အပူဇော်ခံ ဆရာတော်ကြီး ၉ ပါး တို့အား စုပေါင်းဂုဏ်ပြုပူဇော်ပွဲ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၂

နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်ရ မော်ကွန်းဝင် အပူဇော်ခံ ဆရာတော်ကြီး ၉ ပါးတို့အား တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ပုလဲမြို့သစ်ရှိ တိပိဋက ပုလဲရောင်ရှိန်စာသင်တိုက် ပဓာနနာယက ရမ္မာဝတီ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ ဦးဆောင်၍ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မကျည်းကျွန်းမြောက် ကျောင်းဆိုင်ရာ ဒါယကာ/ဒါယိကာမ တို့က စုပေါင်းဂုဏ်ပြုပူဇော်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် မကျည်းကျွန်းမြောက်ကျောင်းတိုက်ရှိ တိပိဋကဓမ္မ ဗိမာန် တော်ကြီး၌ ပြုလုပ်သည်။

အဆိုပါ ဂုဏ်ပြုပူဇော်ပွဲသို့ နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်ရ မော်ကွန်းဝင် အပူဇော်ခံ ဆရာတော်ကြီးများဖြစ်ကြသည့် မကျည်းကျွန်းမြောက်ကျောင်းတိုက် ပဓာနနာယက ဆရာတော် သာသနဓဇ ဓမ္မာစရိယ မဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသာသန အမှူးပြုသော ဆရာတော်ကြီး ၉ ပါးနှင့်ပင့်သံဃာတော်များ ကြွရောက် တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မကျည်းကွျန်း မြောက်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် ပြည်နယ်ဝန် ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး တက်ရောက်လာကြသူများက နိုင်ငံတော်အစိုးရ၏ ဘွဲ့တံဆိပ်ရ မော်ကွန်းဝင် အပူဇော်ခံ ဆရာတော်ကြီး ၉ ပါးတို့ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက မင်္ဂလာဒုံ မြို့နယ်၊ ပုလဲမြို့သစ်ရှိ တိပိဋက ပုလဲရောင်ရှိန်စာသင်တိုက် ပဓာနနာယက ရမ္မာဝတီ ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။