နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDMလှုပ်ရှားမှုတွင် ပါဝင်သည့် ပညာရေး ဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်

နေပြည်တော်  မေ  ၆

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအား CDM  လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM  လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPHံ မတရားအသင်းအား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသော အောက်ဖော်ပြပါ ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါသည်။ 

အဆိုပါ အမှုဖွင့်လှစ်ထားသော   ပညာရေးဝန်ထမ်းများအား   ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ဖော်ပြပါပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍  နီးစပ်ရာ ရဲစခန်းများသို့ သတင်းပေးပို့ရန်နှင့်  လက်ခံထားရှိသူများအားလည်း တရားဥပဒေအရ  အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။