နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်(၂၇-၄-၂၀၂၁)

နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်(၂၇-၄-၂၀၂၁)

  နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှု အပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံအားပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

  ဖော်ပြပါ ဆရာဝန်များအနက် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ထက်အောင် (လ/ထ ဆရာဝန်) နှင့် ဒေါက်တာ အောင်ကျော် (လ/ထ ဆရာဝန်) တို့သည် “စေတနာ”ဆေးရုံ၌လည်းကောင်း၊ မြင်းခြံပြည်သူ့ ဆေးရုံကြီးမှ ဒေါက်တာ ရဲနိုင်ဝင်း (အထူးကု) နှင့် ဒေါက်တာ ခင်မောင်စိုး (အထူးကု) တို့သည် “ဝင်း” ဆေးရုံ၌ လည်းကောင်း၊ မန္တလေး ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ မောင်မောင်ဦး (အထူးကု) သည် “မြို့တော်” ဆေးရုံ၌ လည်းကောင်း တာဝန်ကျရာ ဆေးရုံများတွင် ကုသခြင်းမပြုဘဲ CDM ပြုလုပ်၍ ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် သွားရောက် ကုသလျက်ရှိကြောင်း မှတ်တမ်း ဓာတ်ပုံ များနှင့်အတူ အောက်ပါအတိုင်း စိစစ် တွေ့ရှိရပါသည်။

  အဆိုပါ အမှုဖွင့်လှစ်ထားသော ဆရာဝန်များအား ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိရာ လက်ခံထားသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည့် အပြင် ၎င်းတို့ကိုလက်ခံ၍ ဆေးကုသခွင့်ပေးထားသည့် ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်း များကိုလည်း လုပ်ငန်းလိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ဆေးရုံ/ဆေးခန်း ပိုင်ရှင်များကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မည်သည့်ကျန်းမာရေး ဝန်ထမ်းမဆို တာဝန်ကျရာ ဆေးရုံများ၌ CDM လှုပ်ရှားမှုတွင် ပါဝင်ကာ မူလတာဝန်များ ထမ်းဆောင်ခြင်းမရှိဘဲ အခြားပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများသို့ သွားရောက်၍ အခကြေးငွေရယူ ဆေးကုသခြင်း၊ ကူညီလုပ်ဆောင်ခြင်းများ ပြုလုပ်ပါက တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်း များအား လက်ခံထားသည့် ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်း ပိုင်ရှင်များအား CDM လှုပ်ရှားမှု၌ ပါဝင်သူများကို ထောက်ခံအားပေးခြင်း အရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။