နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ပညာရေး ဝန်ထမ်းများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်

နေပြည်တော်  ဧပြီ  ၂၈

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH  မတရားအသင်းအား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသော အောက်ဖော်ပြပါ ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါသည်။

အဆိုပါ အမှုဖွင့်လှစ်ထားသော ပညာရေး ဝန်ထမ်းများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ဖော်ပြပါ ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ နီးစပ်ရာ ရဲစခန်းများသို့ သတင်းပေးပို့ရန်နှင့် လက်ခံထားရှိသူများအားလည်း တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။