နိုင်ငံပြင်ပသို့ ရောက်ရှိနေသောမြန်မာနိုင်ငံသားများ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၊ ပြင်ပမဲရုံခွဲများတွင် ကြိုတင်ဆန္ဒမဲ စတင်ပေးပြီး မြန်မာသံရုံး ကိုးရုံးတို့တွင် ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး

နေပြည်တော်  အောက်တိုဘာ  ၁ဝ

၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  နိုင်ငံပြင်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက်  မြန်မာသံရုံး၊  အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင်  မြန်မာသံရုံး ၂၇ ရုံး၊ အဖွဲ့ရုံးနှစ်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ရုံးနှင့် ပြင်ပမဲရုံခွဲလေးခုတို့၌  မဲရုံများ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယနေ့ မဲရုံအသစ်များ စတင်ဖွင့်လှစ်ခဲ့သည့် ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်၈၅  ဦး၊ ကင်ဘာရာမြို့ရှိ မြန်မာသံရုံး၌  မဲဆန္ဒရှင် ၃ဝ၃  ဦး၊ အစ္စလာမာဘတ်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၉  ဦး၊ ဂျကာတာမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၄၁ ဦး၊  မနီလာမြို့ရှိ  မြန်မာသံရုံး၌ မဲဆန္ဒရှင် ၈၄ ဦး၊ ပါရီမြို့ရှိ မြန်မာသံရုံး၌မဲဆန္ဒရှင် ၃၆ ဦး၊  ဖနောင်ပင်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၁ဝ ဦး၊ ပရီတိုးရီးယားမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၂၅ ဦး၊ ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁၃ ဦး၊ ဗီယင်ကျန်းမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၃၆ ဦး၊  ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌  မဲဆန္ဒရှင် ၁၈၄ ဦးတို့ ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြသည်။

ဒေသဆိုင်ရာ စံတော်ချိန်များနှင့်အညီ မြန်မာသံရုံး၊ ဘာလင်မြို့၊ အော်တာဝါမြို့၊အော်စလိုမြို့၊ ရောမမြို့၊ ဗီယင်နာမြို့၊ ဝါရှင်တန်မြို့တို့တွင်လည်းကောင်း၊ မြန်မာအမြဲ တမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊   ဂျီနီဗာမြို့နှင့် နယူးယောက်မြို့တို့တွင် လည်းကောင်း မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊   လော့စ်အိန်ဂျယ်လိစ့်မြို့တွင် လည်းကောင်း   မဲရုံများ စတင်ဖွင့်လှစ်လျက်ရှိကြောင်းနှင့် မြန်မာသံရုံး၊ ကိုင်ရိုမြို့နှင့် လန်ဒန်မြို့တို့ရှိ မဲရုံများ၌  ကြိုတင်ဆန္ဒမဲများ  ဆက်လက်ပေးကြကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ လာရောက်၍    ကြိုတင်ဆန္ဒမဲပေးနိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံသားများအတွက် ပြင်ပမဲရုံခွဲများ ဖွင့်လှစ်ခဲ့ရာ  သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့တွင် မဲဆန္ဒရှင် ၈၈ ဦး၊ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် မဲဆန္ဒရှင် ၃၇  ဦး၊ ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် မဲဆန္ဒရှင် ၂၃၃ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုဒေသတွင်မဲဆန္ဒရှင် ၂၂၃ ဦး လာရောက် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြသည်။

မြန်မာသံရုံးကိုးရုံး၌  ကြိုတင်ဆန္ဒမဲ ဆက်လက်ပေးခဲ့ကြရာ   ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌   မဲဆန္ဒရှင်  ၁၅ဝ၄  ဦး၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်  ၁ဝ၄၅ ဦး၊ မော်စကိုမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁ဝ၈ ဦး၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌  မဲဆန္ဒရှင် လေးဦး၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၁ဝ၂၂ ဦး၊ စင်ကာပူမြို့ရှိ  မြန်မာသံရုံး၌  မဲဆန္ဒရှင် ၁၈ဝဝကျော်ခန့်၊ တိုကျိုမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် ၃၉၁  ဦး  လာရောက်ဆန္ဒမဲ ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာသံရုံးများ၌  ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူများအား သက်ဆိုင်ရာ နိုင်ငံ များ၏ ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေး၊ ချမှတ်ထားသော စည်းကမ်းများနှင့်အညီဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျ လက်သန့်စေခြင်း၊ တစ်ခါသုံး လက်အိတ်နှင့် နှာခေါင်းစည်းများ ပံ့ပိုးပေးခြင်းတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး  မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးများမှ စီစဉ်ဆောင်ရွက်ထားရှိသည့်အတိုင်း လိုက်နာကာ  စနစ်တကျ ဆန္ဒမဲများပေးခဲ့ ကြကြောင်း သိရသည်။

ယနေ့တွင် မြန်မာသံရုံး ၂၇ ရုံး၊ အဖွဲ့ရုံး နှစ်ရုံး၊    ကောင်စစ်ဝန်ချုပ်ရုံးနှစ်ရုံးနှင့်  ပြင်ပမဲရုံခွဲလေးခုတို့တွင် မြန်မာနိုင်ငံသားများ  ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသဖြင့်   ယခုအချိန်အထိ   မဲဆန္ဒရှင် စုစုပေါင်း ၇၃၉၁ ဦး လာရောက်ကြိုတင် ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။