နေပြည်တော် ဖေဖော်ဝါရီ ၂၁
တစ်ဦးချင်း၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကို ဆုံးရှုံးစေပြီး အရှက်တကွဲ အကျိုးနည်းဖြစ်သည်အထိ ဝန်ထမ်းများကို အဓမ္မ ဖိအားပေးခြိမ်းခြောက်သော Video File များSocial Media ပေါ်၌ ပျံ့နှံ့လျက်ရှိသည်။
လက်တွေ့တွင်လည်း နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် CDM လုပ်ဆောင်ရန် ခြိမ်းခြောက် အကျပ်ကိုင်မှုများရှိသဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တိုင်ကြားမှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် CDMလုပ်ဆောင်မှုများအပေါ် စိတ်ရှည်သည်းခံစွာ ဆောင်ရွက်မှုကြောင့် ယခုအခါ နိုင်ငံအပေါ်သစ္စာရှိသော နိုင်ငံ့ဝန်ထမ်းကောင်း ၈ဝ ရာခိုင်နှုန်းမှာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရှိရသည်။
လက်ရှိလူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လျက်ရှိသော Video File များတွင် နိုင်ငံ့ဝန်ထမ်းများအပေါ် CDM လုပ်ဆောင်ရန် အတင်းအဓမ္မ ဖိအားပေးသည့် ဥပဒေမဲ့လုပ်ရပ်ကို တွေ့ရှိရသည်။ အဆိုပါ ဖိအားပေး CDM လုပ်ဆောင်ရန် အတင်းအဓမ္မ ဖိအားပေးသည့် ဥပဒေမဲ့လုပ်ရပ်ကို ဦးဆောင်ခဲ့သူမှာ ဒေါ်သက်သက်ခိုင် ဗိုလ်မြတ်ထွန်းလမ်း၊ အထက(၂) ဗိုလ်တထောင်အနီး နေထိုင်သူဖြစ်ကြောင်းနှင့် Future Bright Star Education Center ကို တည်ထောင်ထားသူ ဖြစ်ကြောင်း သိရှိရသည်။
၎င်းနှင့်ပတ်သက်၍ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကလည်း တရားဝင် တိုင်ကြားမှုများ ပြုလုပ်ထားကြောင်းနှင့် သက်ဆိုင်ရာမှ တည်ဆဲဥပဒေများနှင့်အညီ အမှုဖွင့်၍ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။
၎င်းဖြစ်စဉ်ကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူ လူထုအပေါ် သစ္စာရှိစွာဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် ပတ်သက်၍ စော်ကားပြုမူမှုများ၊Social punishment ပြုလုပ်မှုများ၊ အခြားဖိအားပေး အကျပ်ကိုင်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။