နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ၈ မြို့နယ်နှင့် ခန္တီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ၈ မြို့နယ်နှင့် ခန္တီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ၈ မြို့နယ်မှ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်းအေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံ၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့ပြင် ခန္တီးတပ်နယ်မှ နယ်မြေခံ ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။