နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌  ယဉ်ကျေး လိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာသင်တန်းများဖွင့်လှစ်

နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌  ယဉ်ကျေး လိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာသင်တန်းများဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၅

        နွေရာသီကျောင်းပိတ်ရက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သား မိသား စုဝင် သားသမီးများအတွက် ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေး ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ ဝင်များသည် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီသင်တန်းများအား လိုက်လံကြည့် ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများအား ယောဂီသဘက်များနှင့် ဗုဒ္ဓ ကလျာဏယုဝအသင်း(YMBA) မှ ထုတ်ဝေသည့် ယဉ်ကျေးလိမ္မာစာအုပ်များ ပေးအပ် သည်။

        အဆိုပါ သင်တန်းများကို မြတ်ဗုဒ္ဓ၏ အဆုံးအမဩဝါဒများ၊ တရားဒေသနာ တော်များ၊ ဗုဒ္ဓရာဇဝင်တော်များအား သိရှိနားလည်ကာ ဘာသာတရားအဆုံးအမများ နှင့် ထုံမွှမ်းပြည့်ဝပြီး ယဉ်ကျေးလိမ္မာသည့် သားငယ်၊ သမီးငယ်များ ဖြစ်စေရန်နှင့် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာကိုအခြေခံမှစ၍ ကျွမ်းကျင် တတ်မြောက်စေရန်ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း သား/ သင်တန်းသူ ၆၂ ဦးတို့ဖြင့် မေ ၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွား မည်ဖြစ်သည်။

        အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/ တပ်ဖွဲ့များ၌လည်း ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား/ သင်တန်းသူ ၁၈၃၃ ဦး၊ အခြေခံအင်္ဂလိပ်စာသင်တန်းကို သင်တန်းသား/ သင်တန်းသူ ၁၅၈၈ ဦးနှင့် ကွန်ပျူတာ သင်တန်းကို သင်တန်းသား/သင်တန်းသူ ၁၄၀ ဦးတို့ဖြင့် မေ ၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။