နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် အသက် ၄ နှစ်နှင့် အထက် ၆ နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါ ဘီရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံ
နေပြည်တော်၊ ဧပြီ - ၂၂
နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် အသက် ၄ နှစ်နှင့် အထက် ၆ နှစ်အောက် ကလေးငယ်များအား ယနေ့နံနက်ပိုင်းတွင် သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ကုတင်-၃၀၀)၌ ဆေးရုံမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများက အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးရာ တိုင်းစစ်ဌာန ချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင် အဆိုပါဆေးရုံ၌ သုံးမွှာပူးမွေးဖွားခဲ့သည့် မိခင်နှင့် ကလေးငယ်များအား တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေနှင့် အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်ကြသည်။ အဆိုပါသုံးမွှာပူး သမီးငယ်လေးများကို ဆေးရုံမှ သားဖွားနှင့်မီးယပ်ပါရဂူ များ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများက ဧပြီ ၆ ရက်တွင် အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။