နေပြည်တော်တိုင်းစစ်ဌာနချုပ်၏(၁၅)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်း အမှတ် ပြုလုပ်

နေပြည်တော်၊ မေ - ၂၂
    
နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ (၁၅)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြ ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ တက်ရောက်ကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ပြုလုပ်ကြသည်။
    
ထို့နောက် ဆုပေးပွဲကို အောင်ငြိမ်းအေးခန်းမ၌ ဆက်လက်ပြုလုပ်ရာ  သင်တန်းများ၌ ထူးချွန်ဆုရရှိကြသူများ၊ အိမ်ထောင်သည်လိုင်းသန့်ရှင်းရေးဆုရရှိ သူများ၊ စွမ်းရည် ၃ ရပ် တံခွန်စိုက်ဆုရရှိသည့် တပ်ရင်းအား တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။