နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

 
နေပြည်တော်၊ ဇွန် - ၁၅

 
နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်း(၁)၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများ နှင့်အတူ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇွန် ၃၀ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။