နေပြည်တော်၌ ဖရဲကို မြေငှားစနစ်ဖြင့် ဧကတိုးချဲ့စိုက်ပျိုးမည်

နေပြည်တော်၌ ဖရဲကို မြေငှားစနစ်ဖြင့် ဧကတိုးချဲ့စိုက်ပျိုးမည်

နေပြည်တော်၌ လာမည့်ဖရဲရာသီတွင် ဧကတိုးချဲ့စိုက်ပျိုးမည်ဖြစ်သည့်အတွက် မြေငှားစနစ်     တွင်ကျယ်လာကြောင်း တောင်သူများထံမှ သိရသည်။လက်ရှိတွင် မြေငှားစနစ်ဖြင့် စိုက်ပျိုးပါက   မြေတစ်ဧကလျှင်   တစ်ရာသီစာ ငွေကျပ်သုံးသိန်းခန့်ပေးရပြီး   လမ်းပန်းဆက်သွယ်ရေးနှင့်   မြေဆီအရည်အသွေးကောင်းမွန်ပါက  တစ်ဧကလျှင် ငွေကျပ်သုံးသိန်းခွဲခန့်ပေးရကြောင်း သိရသည်။]]လက်ရှိမှာ ပျိုးပင်စထောင်နေပါပြီ။ ပျိုးပင်တစ်လဆိုရင် စိုက်လို့ရပြီ။  ဧပြီနဲ့ မေလဆိုရင် ဖရဲစတင်ထွက်ရှိပါပြီ။ ထွက်ရှိလာမယ့်အချိန်က  တရုတ်နိုင်ငံမှာ  ဖရဲရှားပါးချိန်ဖြစ်လို့   ဈေးကောင်းရမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် အရင်နှစ်က   မြေနှစ်ဧကငှားရင်   ဒီနှစ်တော့ လေးဧကလောက်ငှားကြတယ်။ ဒီဘက်မှာ မြေငှားစိုက်တဲ့စနစ်နဲ့စိုက်လာတာ နှစ်နှစ်လောက်ပဲရှိဦးမယ်။    အခုတော့ မြေငှားချင်သူနည်းပြီး ငှားမယ့်မြေကွက် ရှားပါးနေတယ်ဟု နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ဖရဲစိုက်တောင်သူ  ဦးညွန့်ဝင်းက ပြောသည်။

မြေငှား၍ စိုက်ပျိုးသည့်တောင်သူများအနေဖြင့် ဖရဲထွက်ရှိချိန်တွင် ဈေးကောင်း ပိုရပါက မြေပိုင်ရှင်ထံ  အပိုဆောင်းငွေ ပေးလေ့ရှိသော်လည်း ယခုနှစ်တွင် အပြီးအစီးစနစ်သာကျင့်သုံးရန်  စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။ COVID-19   ရောဂါ  အခြေအနေကြောင့်   တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီး၌  ကျန်းမာရေးစည်းကမ်းချက်များ   ချမှတ်ထားရာ     မြို့နယ်အလိုက်၊ ကျေးရွာအလိုက်  စည်းကမ်းများလိုက်နာဆောင်ရွက်ရာတွင်    နယ်ကူးပြောင်း၍ လာရောက်စိုက်ပျိုးမည့်သူများနှင့် ပွဲရုံများမှစေလွှတ်သည့်  ကိုယ်စားလှယ်များအားဒေသခံနှင့်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက လာရောက်ခွင့်ကိုစိစစ်၍  စိုက်ပျိုးခွင့်ပြုရန်လိုအပ်ကြောင်း သိရသည်။
သုသု(ဗြှုဗ)