နောင်ချိုမြို့နယ်၊ ဈေးရပ်ကွက်၊ မြို့မဈေး၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဇွန် - ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဈေးရပ်ကွက်၊ မြို့မဈေးရှိ သော်တာဝင်းကုန်စုံဆိုင်၌ ယနေ့နံနက် ၁ နာရီခွဲခန့်တွင် ဝါယာကြိုးရှော့ဖြစ်ရာ မှတစ်ဆင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးသတ်ယာဉ် ၃ စီး၊ ရေသယ် ယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွား ခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိ ကြောင်းနှင့် ဆိုင်ခန်း ၆ ခန်းနှင့် ကုန်ပစ္စည်းမျိုးစုံ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။