နွေရာသီအခြေခံအင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်

နွေရာသီအခြေခံအင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ -၂၅

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်ရှိ တပ်မတော်သားမိသားစုဝင်များ၏ သား/သမီးများအတွက် ဖွင့်လှစ်သည့် နွေရာသီအခြေခံအင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်ခန်းမ၌ ပြုလုပ်ရာ မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက သင်တန်းဖွင့်အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ရန်ကုန်တိုင်း ဉက္ကဋ္ဌ က ယဉ်ကျေးလိမ္မာသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ ထုတ်ဝေသည့် ယဉ်ကျေးလိမ္မာစာအုပ်စာစောင်များနှင့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ကြသည်။
အဆိုပါ နွေရာသီအခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းကို သင်တန်း သား၊ သင်တန်းသူ ၂၉ ဦးဖြင့် မေ ၂၀ ရက်အထိ လည်းကောင်း၊ ယဉ်ကျေးလိမ္မာသင် တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၅ ဦးဖြင့် မေ ၂၉ ရက်အထိ လည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။