ပင်လုံတက္ကသိုလ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်ခန့် နည်းပြ၊ သရုပ်ပြ သစ်လွင်ဆရာ၊ ဆရာမများအား ကြိုဆိုပွဲ ပြုလုပ်

ပင်လုံတက္ကသိုလ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်ခန့် နည်းပြ၊ သရုပ်ပြ သစ်လွင်ဆရာ၊ ဆရာမများအား ကြိုဆိုပွဲ ပြုလုပ်

 
နေပြည်တော်၊ ဇွန် - ၁၃

 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်ခန့် နည်းပြသရုပ်ပြသစ်လွင် ဆရာ၊ ဆရာမများအား ကြိုဆိုပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပင်လုံ တက္ကသိုလ်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ တက်ရာက်ကြသည်။

 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားပြောကြားပြီး တက္ကသိုလ်ဖွံ့ဖြိုးရေးအတွက် အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကြ သည်။ ထို့နောက် ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။