ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်ကွင်းဖွင့် ဖလားပြိုင်ပွဲတွင် မာဆေးအသင်းကိုအနိုင်ရပြီး နည်းပြ သက်တမ်းတစ်လျှောက် ပထမဆုံးဆုဖလားရရှိခဲ့သည့် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုသည် COVID-19 ရောဂါကူးစက်ခံရသဖြင့် ဇန်နဝါရီ ၁၆ ရက်ညက အန်ဂါးစ်နှင့်ပွဲစဉ်ကို လက်ထောက်နည်းပြများဖြစ် သော ဂျီးဆက်ပီ ရက်ဇ်နှင့် ဒီအဂိုစတီနိုတို့အား လွှဲပြောင်း တာဝန်ပေးအပ်ခဲ့ရကြောင်း သိရသည်။
ပိုချက်တီနိုသည် ပီအက်စ်ဂျီအသင်း နည်းပြဖြစ်လာသည်မှာ နှစ်ပတ်သာရှိပြီး ရောဂါကူးစက်ခံရခြင်း ဖြစ်သည်။ ပိုချက် တီနိုနှင့် အသင်းသားများသည် ပြင်သစ် ကွင်းဖွင့်ဖလားရပြီးနောက် အဝတ်လဲခန်း အတွင်း ပွေ့ဖက်အောင်ပွဲခံမှုများပြုလုပ်ခဲ့ကြရာ ကောလင်းဒက်ဂ်ဘာ၊ သီလိုကဲရာနှင့် ရာဖင်ဟာတို့သည် လည်း ပိုးတွေ့ရှိသဖြင့် အန်ဂါးစ်နှင့်ပွဲ လွဲချော်ခဲ့ကြရသည်။
ပီအက်စ်ဂျီအသင်းက ပိုချက်တီနို COVID-19 ရောဂါကူးစက်ခံရကြောင်း ကြေညာခဲ့ပြီး အသင်းသား များကိုထပ်မံဆေးစစ်မှုများပြုလုပ်နေကြောင်း သိရသည်။