ပန်းတနော်မြို့၊ ရွှေလှေကျေးရွာရှိ တပ်မတော်ကျောင်းတိုက်၌ (၇၅)ကြိမ်မြောက် စိန်ရတု မဟာဒုတ် ရဟန်းခံ၊ ရှင်ပြုအလှူတော် ရေစက်ချ မင်္ဂလာပြုလုပ်
နေပြည်တော်၊ ဧပြီ - ၂၈
(၇၅)ကြိမ်မြောက် စိန်ရတု မဟာဒုတ် ရဟန်းခံ၊ ရှင်ပြုအလှူတော် ရေစက်ချ မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့၊ ရွှေလှေ ကျေးရွာရှိ တပ်မတော်ကျောင်းတိုက်၌ ပြုလုပ်ရာ ဓနုဖြူမြို့၊ ငါးဘတ်အိုင်ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓနုဖြူမြို့၊ ငါးဘတ်အိုင်ကျောင်းတိုက် ဆရာတော် အမှူးပြုသော ပင့်သံဃာ ၂၁ ပါး၊ ဒုလ္လဘရဟန်း/သာမဏေ ၃၄ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၁ ပါးတို့ကို သိမ်ဆင်းလောင်းလှူကြသည်။ ထို့နောက် (၇၅)ကြိမ်မြောက် စိန်ရတုမဟာဒုတ် ရဟန်းခံ၊ ရှင်ပြုအလှူတော် ရေစက်ချမင်္ဂလာကို ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ငါးဘတ်အိုင်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီး မြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း၍ ငါးဘတ်အိုင်ကျောင်း တိုက်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။