စပါးအသင်းသည် ဒီဇင်ဘာ ၂ဝ ရက် ညက လက်စတာနှင့် အိမ်ကွင်းပွဲစဉ်၌ ဆာဂျီအော်ရီယာ၏ ရပ်ဂ်ဘီကစားဟန် မျိုးဖြင့် ဖိုဖနာကို ဝင်တိုက်မှုမှ ပေးရသည့် ပယ်နယ်တီဖြင့် တစ်ဂိုး၊ လက်စတာတိုက်စစ်မှူး ဗာဒီ၏ ခေါင်းတိုက်မှုတွင် စပါးခံစစ်မှူး ဗာတွန်ဂမ်က ကိုယ့်ဂိုးကိုယ် ပြန်သွင်းမှုမှ တစ်ဂိုးပေးရကာ နှစ်ဂိုးပြတ် ရှုံးခဲ့ရပြီးနောက် နည်းပြမော်ရင်ဟိုက ထူးဆန်းသော ပွဲဟုပြောသည်။
ထိုပွဲတွင် စပါးသည် တစ်ပွဲလုံး သုံးကြိမ်သာ ဂိုးကန်ခွင့်ရခဲ့သဖြင့် ဘောလုံးပွဲ သုံးသပ်တင်ဆက်သူ ရွိုင်းကိန်းက စပါးသည် နေ့စွဲဟောင်းများမှ ကစားဟန်မျိုး ပြန်သွားနေသည်ဟု ဝေဖန်ခဲ့သည်။ မော်ရင်ဟိုကလည်း ''ဒီပွဲက ခပ်ဆန်းဆန်းပွဲပဲ။ ပယ်နယ်တီနဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကနေ ရှုံးခဲ့ရတယ်။ ကိုယ့်ဂိုးသမားက တစ်ပွဲလုံးတစ်ကြိမ်မှ မကာကွယ်လိုက်ရဘူး။ ကျွန်တော်တို့ အသင်းကစားပုံကလည်း သိပ်မကောင်းခဲ့ဘူး'' ဟု ဆိုသည်။