ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ခြောက်ပွဲဆက်ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် ဝီလော့ခ်စံချိန်သစ်တင်

လန်ဒန်၊ ဘောလုံး

နယူးကာဆယ်အသင်း လူငယ်ကစားသမား ဝီလော့ခ်သည် မေ ၁၉ ရက်ညပိုင်းက ကစားသည့် ရှက်ဖီးလ် ယူနိုက်တက်အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင် ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း တစ်လျှောက် ခြောက်ပွဲဆက်ဂိုးသွင်းယူနိုင်သည့် အသက် အငယ်ဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင် အာဆင်နယ်အသင်းမှ နယူးကာဆယ်အသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် သွား ရောက်ကစားနေသည့် ဝီလော့ခ်သည် နယူးကာဆယ်အသင်း၌ ခြေစွမ်းပြသလျက်ရှိပြီး ရှက်ဖီးလ် ယူနိုက်တက်အသင်းကို အနိုင်ရရှိသည့်ပွဲစဉ်တွင် အသက် ၂၁ နှစ်သာ ရှိသေးသည်။

ဝီလော့ခ်သည် နယူးကာဆယ်အသင်းနှင့် နောက် ဆုံးကစားသည့် ခြောက်ပွဲအဖြစ် ဧပြီ ၁၇ ရက်က ဝက်စ်ဟမ်းအသင်းနှင့်ပွဲစဉ်၊ ဧပြီ ၂၄ ရက်က လီဗာပူး အသင်းနှင့်ပွဲစဉ်၊ မေ ၂ ရက်က အာဆင်နယ်အသင်း နှင့်ပွဲစဉ်၊ မေ ၈ ရက်က လက်စတာအသင်းနှင့်ပွဲစဉ်၊ မေ ၁၅ ရက်က မန်စီးတီးအသင်းနှင့်ပွဲစဉ်နှင့် မေ ၁၉ ရက်က ရှက်ဖီးလ်ယူနိုက်တက်အသင်းနှင့်  ပွဲစဉ်များတွင်  တစ်ဂိုးစီ ခြောက်ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။          

Ref;Fotobmobo