ပလောက်မြို့၊ မင်းဂံကြဲကျေးရွာ၌ GAS ဖြင့်ပြုလုပ်ထားသော လက်လုပ်သေနတ်များ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့အပ်နှံ

 

 

ပလောက်မြို့၊ မင်းဂံကြဲကျေးရွာ၌ GAS ဖြင့်ပြုလုပ်ထားသော လက်လုပ်သေနတ်များ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့အပ်နှံ

နေပြည်တော်၊ မတ် - ၂၃
    
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ မင်းဂံကြဲကျေးရွာ၌ Gas  ဖြင့်ပစ်ခတ်၍ ရသော လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစစ်ဆေးကာ အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများကို တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့်ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားသည်။
    
ယင်းသို့ပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက အဆိုပါ ွေျ ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ်များအား ၎င်းတို့သဘောဆန္ဒအလျောက်လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။