ပုဗ္ဗသီရိတပ်နယ်အတွင်းရှိ အသက် ၂ လမှ ၁ နှစ် ၆ လအထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ပုဗ္ဗသီရိတပ်နယ်အတွင်းရှိ အသက် ၂ လမှ ၁ နှစ် ၆ လအထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

နေပြည်တော်၊ အောက်တိုဘာ - ၁၅

နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပုဗ္ဗသီရိတပ်နယ်အတွင်းရှိ အသက် ၂ လမှ ၁ နှစ် ၆ လအထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်သားဖွား မီးယပ်နှင့် ကလေးဆေးရုံ၌ ပြုလုပ်သည်။

ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အဆိုပါဆေးရုံမှ ပါရဂူများနှင့် ဆရာဝန် များက ကလေးငယ် ၇၃ ဦးကို ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုရောဂါအစက်ချကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျောရောဂါ အစက်ချကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံအတွက် အလှူငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။