ပုလောမြို့နယ်အတွင်း၌ တူမီးသေနတ်များနှင့် လက်လုပ်သေနတ်များ လုံခြုံရေးတပ်ဖွဲ့ဝင် များထံသို့အပ်နှံ

နေပြည်တော်၊ မတ် - ၂၄
    
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ဇရိပ်ဆိပ်ကျေးရွာ၊ မင်းထိန် ကျေးရွာ၊ ပြည်ခြားကျေးရွာနှင့် ထမင်းမစားကျေးရွာတို့၌  ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၊ ပလောက်တပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးပြီး အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူများကို တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့်ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားသည်။
    
ယင်းသို့ပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည်သဘောပေါက်ကာ တူမီးသေနတ် ၂၀ လက်၊ ပြောင်းပို ၁ ချောင်းနှင့် လက်လုပ်သေနတ် ၂၀ လက်တို့အား ၎င်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ကြ ကြောင်း သတင်းရရှိသည်။