ပုသိမ်ကြီးမြို့နယ်ရှိ ကုန်းတန်းလေးကျေးရွာနှင့် အောင်ချမ်းသာကွက်သစ်တို့ရှိ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask များ ပေးအပ်လှူဒါန်း

 

နေပြည်တော်၊ ဇန်နဝါရီ - ၃

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများ စာရေးအဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် Mask များအား အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ အုပ်စု၊ ကုန်းတန်းလေးကျေးရွာရှိ အိမ်ထောင်စု ၄၀၀ စုနှင့် အောင်ချမ်းသာကျေးရွာအုပ်စု၊ အောင်ချမ်းသာ ကွက်သစ်ရှိ အိမ်ထောင်စု ၁၀၀ စုတို့အတွက် ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ် များနှင့် Mask များကို နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။