ပုသိမ်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား  ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်

နေပြည်တော်  ဇွန်  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို   ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊   ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များ၊   စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်း မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် စစ်မှု ထမ်းဟောင်း မိသားစုဝင်   ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေး ကိရိယာများကို လည်းကောင်း ထောက်ပံ့ပေးအပ်ရာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်   ကျောင်းသား၊ ကျောင်းသူ များက လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။