ပုသိမ်မြို့နယ်၊ အုန်းချောင်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌(၁၄၀ x ၃၀)ပေ (RC)နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ ပြုလုပ်

ပုသိမ်မြို့နယ်၊ အုန်းချောင်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌(၁၄၀ x ၃၀)ပေ (RC)နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ ပြုလုပ်

 
နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၇

 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အုန်းချောင်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌(၁၄၀ x ၃၀)ပေ (RC)နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက (၁၄၀ x ၃၀)ပေ (RC)နှစ်ထပ် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော် ဖြေ၍ ကျောင်းဆောင်သစ်အားဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားသည်။ ၎င်းနောက် ကျောင်းဆောင်သစ်အား ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက် စာတမ်းများအား ကျောင်းအုပ်ဆရာမကြီးထံ လွှဲပြောင်းပေးအပ်ရာ ကျောင်းအကျိုး တော်ဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ကျောင်းသား၊ ကျောင်းသူများ၏ ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က အလှူငွေများပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။