ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော ဒေသခံပြည်သူများအား ဆေးဝါးကုသရာတွင် အဆင်ပြေစေရန် အတွက် အလှူငွေများ လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသော ဒေသခံပြည်သူများအား ဆေးဝါးကုသရာတွင် အဆင်ပြေစေရန် အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

 ထိုသို့လှူဒါန်းရာတွင် အလှူရှင်များက အလှူငွေကျပ် ၂၃ သိန်းကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။