ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ - ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက်ဆေး ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား မေးမြန်းအားပေးစကားပြော ကြားကာ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုခံယူထားသည့် အဘိုးအဘွာများအား မျက်မှန်များတပ်ဆင်လှူဒါန်းပေးပြီး ဆေးရုံတက်လူနာများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့ပြင် ဧပြီ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သိမ်ချောင်းကျေးရွာအနီး စစ်ကိုင်း-ရွှေဘို ကားလမ်း၌ PDF အမည်ခံအကြမ်းဖက် အဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကိုရင်ငယ် ၁ ပါး နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသော ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။