ပုသိမ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၄

    COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ရပ်ဆိုင်းထားရာမှ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့ အတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံ ပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

    ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊  အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝန်း အတွင်းအပြင်ရှိ ချုံနွယ်ပေါင်းမြက် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ဆောင်များ အတွင်း၊ အပြင် သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။