ပုသိမ်မြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာနှင့် ရွှေဝတ်မှုံစစ်မှုထမ်းဟောင်း အိမ်ရာရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၁၀

   

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာနှင့် ရွှေဝတ်မှုံစစ်မှုထမ်းဟောင်းအိမ်ရာရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက အဆိုပါ အိမ်ရာများ၌ သွားရောက်တွေ့ဆုံသည်။

   

တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ ပေးအပ်သည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။