ပုသိမ်မြို့၊ ကန်သာယာကွင်း၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများဖွင့်လှစ်

ပုသိမ်မြို့၊ ကန်သာယာကွင်း၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများဖွင့်လှစ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ် ဝန်ကြီးဌာနရုံး များမှ ခင်းကျင်းပြသထားသည့် ပြခန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကန်သာယာကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးပြီး ကပြဖျော်ဖြေခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။
အဆိုပါ ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများတွင် ဝန်ကြီးဌာနရုံးများမှ ခင်းကျင်းပြသသော အထိမ်းအမှတ်ပြခန်း ၅၃ ခန်းပါဝင်ပြီး ဖေဖော်ဝါရီ ၁၂ ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။