ပုသိမ်မြို့၊ အမှတ်(၁၁)ရပ်ကွက်နေ ပြည်သူများထံသို့ Mask များ သွားရောက်ပေးဝေ လှူဒါန်း

 

 နေပြည်တော်၊ ဇူလိုင် - ၁

 
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက Mask ၅၀၀ ခုကို ဒေသခံပြည်သူ များ၏ လက်ဝယ်အရောက် အခမဲ့သွားရောက်ပေးဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။