ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းကိုကြိုဆို

ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းကိုကြိုဆို

အကြမ်းဖက်အဖျက်သမားတို့၏ လုပ်ရပ်ဆိုးများသည် အများပြည်သူများအတွက် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များဖြစ်သည်။ အများပြည်သူ၏ ကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ခြင်းမရှိသော်မှ အများပြည်သူများစိတ်ဆင်းရဲဖွယ်လုပ်ရပ်များကို လုပ်ဆောင်ခြင်းမပြုသင့်ပေ။ ယခုအခါ NLD ပါတီမှ ပေါက်ဖွားလာသည့်အကြမ်းဖက်အဖွဲ့ဖြစ်သော NUG, CRPH နှင့် PDF တို့သည် ဖျက်လို့ရတာအကုန်ဖျက်၊ မီးရှို့လို့ရတာအကုန်ရှို့၊ သတ်လို့ရတာအကုန်သတ်၊ ဓားပြတိုက်လို့ရတာအကုန်တိုက်ဟူသော ရည်မှန်း ချက်ဖြင့် ပြည်သူတို့၏ လူမှုစီးပွားရေးကို ဖျက်ဆီးနှောင့်ယှက်လျက်ရှိသည်။ အဆိုးရွားဆုံးနှင့် လူသားမဆန်သော အဖျက်လုပ်ရပ် သည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေသူများကို ဗုံးခွဲ၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ လူနာများအသက်သေဆုံးရန် အောက်ဆီဂျင် ပိုက်လိုင်းများကို ဖျက်ဆီးခြင်းတို့ဖြစ်သည်။

နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ စတင်လုပ်ဆောင်စဉ်မှ ယနေ့အထိ အခြေအနေများကို ပြန်လည်သုံးသပ်ကြည့်လျှင် အကြမ်းဖက်အဖျက်သမားတို့ လုပ်ဆောင်ခဲ့သော အများပြည်သူကောင်းကျိုးဟူ၍ နှမ်းတစ်စေ့လေးမျှမရှိပေ။ ဘာသာရေးအရ ဘုရားစေတီမီးရှို့သည်။ ဘုန်းတော်ကြီးများကို ရက်ရက်စက်စက်သတ်ဖြတ်သည်။ ဆရာတော်ကြီးတစ်ပါး၏ပုံတော်ကို အမျိုးသမီး ဝတ် လုံချည်တွင်ကပ်ကာ လူသွားလမ်းအမြင့်တွင်ချိတ်ဆွဲသည်။ အဆိုပါဆရာတော်ကပင် ခေါင်းကိုထိအောင်ပစ်ဟူ၍ ပြောကြောင်း သတင်းမှားဖြန့်သည်။ အခြေအမြစ်မရှိသော သတင်းမှားများကို ယုံလွယ်ကြသည်။ အတွေးအခေါ်နှင့်စဉ်းစားဉာဏ်လွန်စွာ ညံ့ဖျင်းနေသော လူငယ်များကို NLD ပါတီကိုယ်စားလှယ်ဟောင်းများက မြှောက်ပင့်သွေးထိုးကာ အကြမ်းဖက်လူငယ် PDF များဖြစ် အောင် လုပ်ဆောင်လိုက်ကြသည်။

လတ်တလောအနေအထားတွင် ဆက်သွယ်ရေးတာဝါတိုင်များကို ဖျက်ဆီးခြင်းကြောင့် ဆက်သွယ်ရေး စနစ်ပြတ်တောက်မှု ဖြစ်ပေါ်သည်။ မြစ်ကူးတံတားများကို ဖျက်ဆီးလိုက်သည့်အတွက် ခရီးသွားပြည်သူများအခက်ကြုံနေရသည်။ အဖျက်စိတ်ထား အပြည့်ဖြင့် မိုင်းထောင်ရန်ပြင်ဆင်နေသူ၊ မိုင်းဗုံးစမ်းသပ်နေသူတို့ သေဆုံးသွားသည့်သတင်းများကလည်း စိတ်မကောင်းစရာများ ဖြစ်သည်။ မိမိမိုင်းကြောင့် ဒဏ်ရာရသွားသူအဖျက်သမားများကို တပ်မတော်ဆေးရုံများမှ ဆရာဝန်၊ သူနာပြုများက လူသားချင်း စာနာထောက်ထားစွာဖြင့်ကုသကာ အသက်ကယ်တင်ပေးထားသူများလည်း များပြားလှသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ထုတ်သတင်းစာများတွင် “ပဲခူးမြို့ ဧရာဝတီဘဏ်မှ မြန်မာကျပ်ငွေ ၄ ဘီလီယံခန့်အား ဘူးလယ် အင်းကျေးရွာအနီးရှိ ကားလမ်းမပေါ်တွင် PDF အကြမ်းဖက်အဖွဲ့က လုယက်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ ပါဝင်ကြိုးပမ်းမှုများကြောင့် တရားခံများအား ၉ နာရီအတွင်းဖော်ထုတ်ဖမ်းဆီးရမိသတင်းနှင့် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း ဟောင်း ဘူးလယ်အင်းကျေးရွာအနီး ဧရာဝတီဘဏ်မှ ငွေသယ်ဆောင်လာသည့်ကားနှစ်စီးအား ဓားပြတိုက်သည့်ဖြစ်စဉ်မှ တရားခံ များထပ်မံဖမ်းဆီးရမိ” ဟူသော သတင်းများကို ဖော်ပြထားသည်။

ဤသတင်း၏အဆီအနှစ်ကို လေ့လာကြည့်လျှင် အများပြည်သူတို့၏စိတ်တွင် PDF အကြမ်းဖက်အဖျက်သမားများကို မည်မျှရွံရှာ စက်ဆုပ်နေကြောင်း ထင်ထင်ရှားရှားမြင်တွေ့ရသည်။ ပြည်သူတို့၏သတင်းပေးမှု၊ ပူးပေါင်းပါဝင်မှုကြောင့် အချိန်တိုကာလအတွင်း ဤမျှများပြားလှသော ငွေကြေးများနှင့် ဓားပြ(PDF) တို့ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဆိုပါသတင်းနှစ်ခုတွင် တရားခံကျား ရှစ်ဦး၊ မ လေးဦးနှင့် M-79 ဗုံးပစ်လောင်ချာတစ်လက်၊ AK-47 သေနတ် နှစ်လက်၊ ၎င်းကျည်အိမ် လေးခု၊ ကျည် ၂၂၀ တောင့်၊ MK-12 သေနတ် ခြောက်လက်၊ ၎င်းကျည်အိမ်မျိုးစုံ ၁၂ ခု၊ Remington Model 700 အမျိုးအစားပြောင်းချောသေနတ် တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့် ဓားပြတိုက်သွားခဲ့သော ငွေများမှ စုစုပေါင်း ငွေကျပ်သိန်း ၃၉၄၁၀ အားပြန်လည် သိမ်းဆည်းရ မိခဲ့သည်။

ယခုဘဏ်ငွေဓားပြတိုက်လုယက်မှုဖြစ်စဉ်နှင့် NUG အကြမ်းဖက်အဖွဲ့မှ D-Day ကြေညာခြင်းအပါအဝင် အခြားသော အကြမ်းဖက် လုပ်ရပ်များ  ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်ဆောင်လာနေခြင်းသည်(၇၆) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပ ချိန်နှင့် တိုက်ဆိုင်ပြီးလုပ်ဆောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာများ အထွေထွေ တည်ငြိမ်မှုမရှိကြောင်း အစည်းအဝေးသို့တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များက သတိပြုမိစေရန် ရည်ရွယ်လုပ်ဆောင် ခြင်းဖြစ်သော်လည်း ဖမ်းဆီးရမိသူအကြမ်းဖက်သမားများမှာ NUG ကခိုင်းစေသူများသာဖြစ်သည်။ ယခုဖြစ်စဉ်တွင် ပဲခူး PDF အကြမ်းဖက် အဖွဲ့မြို့နယ်တာဝန်ခံ မျိုးကိုကစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဖမ်းဆီးရမိတရားခံများမှာလည်း PDF အကြမ်းဖက်သမား များသာဖြစ်သည်။

နိုင်ငံတော်အတွင်း အကြမ်းဖက်အဖျက်သမားတို့၏ အဖျက်လုပ်ရပ်များကို ပြည်သူအများစုလက်မခံကြောင်း ဖမ်းဆီးရမိဖြစ်စဉ် များက သက်သေပြလျက်ရှိသည်။ အပြစ်မဲ့ပြည်သူများကို ရန်သူအဖြစ်သတ်မှတ်လျက် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်နေသူများကို ပြည်သူများကိုယ်တိုင် သတင်းပေးဖော်ထုတ်နေပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရလျှင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းကို မြဝတီကကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။