ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်တောင်ဆံတော်ရှင်ဘုရား တောင်တက်လမ်း မြေပြိုကျမှုအား ပြန်လည်ပြုပြင်ခြင်းဆောင်ရွက်

နေပြည်တော်၊ ဇွန် - ၁၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁၁ ရက် ညပိုင်းတွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်တောင်ဆံတော်ရှင် ဘုရားနှင့် သင်္ကန်းလှန်းတောင်ကြား တောင်တက်ကားလမ်း အလျား ၂၀ ပေ၊ အနံ ၁၀ ပေခန့် မြေပြိုကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မြေပြိုကျသည့်နေရာသို့ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ် ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများစုပေါင်း၍ သဲအိတ်များ ဖို့ခြင်း၊ မြေသားတမံတုတ်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား စုပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။