ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့တို့၌ တပ်မတော် ထောက်ခံပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့တို့၌ တပ်မတော် ထောက်ခံပွဲပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၈
    
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ တပ်မတော်အား ထောက်ခံပွဲကို ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဦးသက်လွင်ဦး ဦးဆောင်သည့် အင်အား ၂၀၀ ခန့်ဖြင့် လည်းကောင်း၊ ပဲခူးမြို့တွင် ဦးအောင်ညီညီစိုး ဦးဆောင် သည့် အင်အား ၂၅၀ ခန့်ဖြင့် လည်းကောင်း၊ ပြည်မြို့တွင် ဦးထွန်းမြတ်ဆွေ ဦးဆောင်သည့် အင်အား ၆၀၀ ခန့်ဖြင့် လည်းကောင်း၊ သာယာဝတီမြို့တွင် ဦးဝင်းသိန်း ဦးဆောင်သည့် အင်အား ၂၀၀ ခန့်ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဦးဝင်းမြိုင် ဦးဆောင်သည့် အင်အား ၁၀၀၀ ခန့်ဖြင့်လည်းကောင်း၊ ရေစကြိုမြို့တွင် ဆရာတော် ဘဒ္ဒန္တကဝိန္ဒောဘာသ ဦးဆောင်သော သံဃာတော် ၁၀ ပါးနှင့် ဦးထွန်းအောင်ကျော်လှ ဦးဆောင်သော အင်အား ၁၀၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ဦးအောင်သူထွန်း ဦးဆောင်သော အင်အား ၇၀ ဦးခန့်ဖြင့် လည်းကောင်း အသီးသီးဆန္ဒထုတ်ဖော်ခဲ့ကြသည်။
    
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် အမျိုးဘာသာ သာသနာကို စောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ ပြည်သူတို့၏အကျိုးကို အမှန်ဖော်ဆောင်မည့် တပ်မတော်အား ထောက်ခံပါသည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်သော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်။ စစ်မှန်သောဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် မည့် တပ်မတော်အား ထောက်ခံပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထောက်ခံပါ သည်၊ ဥပဒေနှင့်အညီ အသစ်ဖွဲ့စည်းထားသည့့်နဃ အား ကြိုဆိုပါသည်  စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ေ<ကးကြော်ခဲ့ကြသည်။
    
တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ မဲမသမာမှုဖြစ်စဉ်များအပေါ် ရွေးကောက်ပွဲကော်မရှင် တစ်ရပ်အား ဖွဲ့စည်းကာ စိစစ်နိုင်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူများမှ ထောက်ခံ သည့် ဆန္ဒဖော်ထုတ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။