နေပြည်တော်၊ အောက်တိုဘာ - ၂၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ရေအိုးစဉ်ကျေးရွာရှိ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်း၊ ကျောက်ကြီးမြို့၊ သိမ်တန်းရပ်ကွက်၊ ကုန်းကျောင်းပရိယတ္တိစာသင်တိုက် နှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ ပန်းငွေရုံတောရပရိယတ္တိစာသင်တိုက်များသို့ အောက်တိုဘာ ၂၇ ရက်နှင့် ယနေ့တို့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါကျောင်းတိုက် ဆရာတော်များအား ဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး စသည့်လှူဖွယ်ပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့ပြင် အဆိုပါဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်၊ သံဃာတော်များအား တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။