ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်
နေပြည်တော်၊ ဒီဇင်ဘာ - ၁
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်း များ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ နတ်သျှင်နောင်ခန်းမ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။ ထို့နောက် ပဲခူးတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သား များနှင့် စေတနာ့ဝန်ထမ်းများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာ တာဝန် ရှိသူများက အသီးသီးလက်ခံရယူကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။