နေပြည်တော်၊ မတ် ၃၁
၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ ဖဒိုနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင် ၁ ဦးသည် မိဘများနေထိုင်ရာ ဖဒိုမြို့၊ ဘိုးပိုက်ဆံ(၅)ရပ်ကွက်သို့ အရပ်ဝတ် ဝတ်ဆင်၍ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်ထွက်ခွာသွားခဲ့သည်။ ၎င်းတပ်ဖွဲ့ဝင် ထွက်ခွာ သွားပြီး ၂၀ မိနစ်ခန့်အကြာတွင် ရဲစခန်းမှ တာဝန်ကျအရာရှိထံသို့ ဖဒိုမြို့ရှိ တာဝန်သိပြည်သူတစ်ဦး မှ ဖုန်းဖြင့်ဆက်သွယ်၍ ရဲတပ်ဖွဲ့ဝင် ၁ ဦးအား ဆူပူအကြမ်းဖက်သူ လူအုပ်စု ၁၀ ဦးခန့်မှ ဝိုင်းဝန်း ဖမ်းဆီး၍ မြို့နှင့် ၁ မိုင်အကွာရှိ ညောင်ဝိုင်းသင်္ချိုင်းသို့ ခေါ်ဆောင်သွားကြောင်း အသိပေးပြောကြား လာခဲ့သဖြင့် တာဝန်ကျအရာရှိနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ဆူပူအကြမ်းဖက်သူ များ ခေါ်ဆောင်သွားသည့် သင်္ချိုင်းကုန်းသို့ သွားရောက်ခဲ့သည်။
ညောင်ဝိုင်းသင်္ချိုင်းသို့ရောက်ရှိချိန်တွင် လူစုလူဝေးအား တွေ့ရှိရခြင်းမရှိဘဲ သင်္ချိုင်းကုန်း အနောက်ဘက် ယူကလစ်တောအတွင်း၌ ရဲတပ်ဖွဲ့ဝင်အား လက်နှင့်ခြေထောက်များကို ယူကလစ် ပင်နှင့်တွဲ၍ ကြိုးတုတ်ထားကာ ဝမ်းဗိုက်နှင့် ရင်ဘက်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် တွေ့ရှိရ သဖြင့် အဆိုပါ တပ်ဖွဲ့ဝင်အား ဖဒိုမြို့တိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ရာ လမ်းခရီး၌ သေဆုံး သွားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်အား ရက်စက်စွာသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဆက်စပ်သတင်းဖော်ထုတ် ချက်အရ ဖဒိုမြို့၊ ဘိုးပိုက်ဆံ(၅)ရပ်ကွက်နေ ချစ်မင်းသူ(၃၃)နှစ်၊ (ဘ) ဦးထိုကြည်ပါ ဆူပူ အကြမ်းဖက်သူ ၁၀ ဦးခန့်မှ ရဲတပ်ဖွဲ့ဝင်အား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖျင်း ဖော်ထုတ်ရရှိခဲ့သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် ဖွင့်လှစ်ထားရှိပြီး ၎င်းတို့ ၁၀ ဦးနှင့် ပူးပေါင်းပါဝင် ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်တရားခံများအား လက်ခံထားရှိသူများကိုလည်း ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။