ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူအမျိုးသား ၁ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်း ဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူအမျိုးသား ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ ဘိုးပိုက်ဆံ ၄ ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဖဒို-မြို့ချောင်းကားလမ်းနှင့် ဖဒိုတိုက်နယ်ဆေးရုံ လမ်းဆုံအရောက်၌ ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၁ ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ ဘိုးပိုက်ဆံ ၂ ရပ်ကွက်၊ မင်းကျောင်းလမ်း၊ “ပန်းကမ္ဘာ”ဆေးဆိုင်ရှေ့တွင် ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ ဖဒိုမြို့နေ ဇော်မင်းထွန်း (၂၉)နှစ် (ဘ)ဦးမောင်ဝင်းဖြစ်ကြောင်း သိရပြီး ၎င်းထံမှ လက်ပစ်ဗုံး ၁ လုံးအား ထပ်မံသိမ်းဆည်းရ မိကြောင်း သိရသည်။